Connect with us

Hi, what are you looking for?

သတင်း

မြောင်မှာ ဥပုသ်နေ့ သီလယူနေချိန် ဘုန်းကြီးကျောင်းက တရားစခန်းကို စစ်တပ် ဗုံးကြဲ

ကျောင်းထိုင်ဆရာတော်အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

ကျောင်းထိုင်ဆရာတော်အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

သြဂုတ်-၂၁၊၂၀၂၆။ရွှေပြည်စိုး၊နှင်း/People’s Spring

မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာဓမ္မာရုံမှာ ဒီနေ့ (ဝါတွင်းကာလဖြစ်တဲ့ဝါ​ခေါင်လဆန်း ၈ရက်)ဥပုသ်နေ့ဖြစ်တာမို့ ဆရာတော်နဲ့ ဒေသခံတွေ တရားနာသီလယူနေကြစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

“ဓမ္မာရုံတည့်တည့်ကို ကြဲတာ။ ဘုရားခန်းကို ဒဲ့ ကျတာ။ဘုန်းကြီးလည်းပျံလွန်တယ်။ စုစုပေါင်း ဆယ်ဦးကျော် သေဆုံးတယ်”လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

သြဂုတ်၂၁ ရက်မနက်၉နာရီ ဝန်းကျင်က ဆွဲလွဲအိုရွာ ရွာဦးဓမ္မာရုံက တရားစခန်းကိုဓမ္မာရုံကို စစ်တပ်ရဲ့ တံတားဦး လေတပ်က တက်လာတဲ့ဂျက်ဖိုက်တာနဲ့ ဗုံး​​လေးလုံးကြဲခဲ့တာလို့ ကနဦးသတင်းရရှိပါတယ်။သံဃာ​တော်​တွေအပါအဝင်သေဆုံးသူ​​များသလို ၊ဒဏ်ရာရသူတွေလည်း များပြားပြီး အရေးပေါ်ကုသနိုင်ဖို့ ကြိုစား​နေရတယ်လို့အထက်ပါသတင်းရင်းမြစ်က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစချင်း တော့ အသေ၆လောင်းရတယ်။ဒါပေမယ့်ထပ်တိုးနဲ့အခု သေဆုံး ၁၀ဦးလို့ သိရတယ်။အထိခိုက်လည်းများတယ်”လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

ဓမ္မရုံမှာ ဝါတွင်းတရားစခန်းရှိပြီး ဒီနေ့ကဝါတွင်းကာလ ဥပုဒ် နေ့မို့ တရားနာလာတဲ့သူ တွေများတဲ့​နေ့ဖြစ်ပါတယ်။

ထပ်မံရရှိတဲ့သတင်း​တွေအရ ​သေဆုံးသူ ၁၂ ဦးရှိပြီး ဒဏ်ရာရသူ (၂၀) ဝန်းကျင်ရှိပြီလို့သိရပါတယ် ။အဆိုပါဘုန်းကြီး​ကျောင်းမှာ ၇ ရက်တရားစခန်းပြုလုပ်​နေတာဖြစ်ပြီး ဒီ​နေ့က သုံးရက်​မြောက်​နေ့ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်ဟာစစ်တပ်ထိန်းချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်ဖြစ်ပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲလို့ ​ဒေသခံပြည်သူ​တွေ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ဩဂုတ်လ၁၉ရက် နေ့ကလည်း မြောင်မြို့နယ်၊လှေတင်ဦး ကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့တာမို့ ပြည်သူ၂ဦး သေဆုံးပြီး ၁၉ဦး ထိခိုက်ဒဏ်ရာရခဲ့ပါ သေးတယ်။ဒါ့အပြင်သြဂုတ် ၂၀ ရက်ညကလည်း လေကြောင်းဗုံးကြဲတာမှာ အမျိုးသမီးအချို့ သေဆုံးခဲ့ပါတယ်။

လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးရဲဘော်တွေကသတိပေးထားပြီး လက်ရှိအခြေအနေကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

အာဏာသိမ်းစစ်တပ် နဲ့ အာဏာသိမ်းစစ်​​ခေါင်း​​ဆောင်​တွေဟာ အမျိုးဘာသာ သာသနာကို​စောင့်​ရှောက်တယ်၊ ဗုဒ္ဓဘာသာကိုမြှင့်တင်တယ်လို့ တချိန်လုံးဝါဒဖြန့်​ပေမယ့်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဘုန်းကြီး​ကျောင်း​တွေ ၊ဘုရား​တွေ ပါမ​ရှောင် ဗုံးကြဲသတ်ဖြတ်တာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာ၊မီးရှို့တာ​တွေမကြာခဏလုပ်​နေတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာသာမက ခရစ်ယာန် ၊အစ္စလာမ်စတဲ့အခြားဘာသာဝင်​တွေရဲ့အထွဋ်အမြတ်ထားရာ ဘုရား​ကျောင်း​တွေ ၊ဘာသာ​ရေးအ​​ဆောက်အအုံ​တွေ စသဖြင့် ဘာသာ၊လူမျိုး ၊​ဒေသမခွဲခြားပဲ စစ်တပ်က ဗုံးကြဲတာ ၊မီးရှို့တာ ၊ အကြမ်းဖက်သတ်ဖြတ်တာ​တွေဆက်တိုက်လုပ်​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook