Connect with us

Hi, what are you looking for?

သတင်း

တပ်ကုန်းမှာ ရွေးကောက်ပွဲလုံခြုံရေး စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရ

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့တာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၃) တာဝန်ရှိသူက ပြောပါတယ်။

နေပြည်တော် PDF တပ်ရင်း(၈၀၃)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Cranes Logistic

ဒီဇင်ဘာ-၂၇ ၊၂၀၂၅။သတိုး၊မိုမို/People’s Spring

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့တာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၃) တာဝန်ရှိသူက ပြောပါတယ်။

“ပုံမှန်လာတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲရှိလို့တတ်လာတာပါ။ အဲဒါကိုပြောက်ကျားဝင်တိုက်တာ” လို့ တပ်ရင်း ‌၈၀၃ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းအနီးမှာရှိတဲ့ သံပုရာကုန်းကျေးရွာအုပ်စု၊သရက်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၂၀ ဝန်းကျင်နဲ့ ဒီဇင်ဘာ ၂၅ ရက်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့ညနေ ၃ နာရီမှာ သဲချောင်းကျေးရွာ မရောက်ခင် ခေတ္တစခန်းချတဲ့နေရာကို တော်လှန်ရေး ရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ အသိပေးပါတယ်။

ပြောက်ကျားဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၀မိနစ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သား သုံးဦးသေပြီး သုံးဦးဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်မှုနဲ့ ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

ဒီစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“သရက်ချောင်းက ပြည်သူသုံးဦးကို စစ်တပ်က ဖမ်းထားတယ်။ဘာမှ မဟုတ်ဘဲ မဆိုင်ဘဲ လျှောက်ဖမ်းကြတာ။ကျနော်တို့လုပ်တာခံရရင် ပြည်သူကိုဖမ်း။ တမင်ကို လုပ်နေတာ”လို့ တပ်ကုန်း PDF တာဝန်ရှိသူက တိုက်ပွဲနောက်ဆက်တွဲ ဖြစ်စဥ်ကို ရှင်းပြပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဟန့်တားတိုက်ဖျက်ရေးအတွက် နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း (၈၀၃၊ ၈၀၂)နဲ့ တပ်ကုန်းမြို့နယ် ပကဖအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲတားဆီး နိုင်ဖို့အတွက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေ အားလုံးကို ဖြစ်နိုင်တဲ့နည်းလမ်းတွေအားလုံးနဲ့ ဟန့်တားသွားမယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

အခု ဒီဇင်ဘာ ၂၃ ရက်က ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းက စစ်ကောင်စီတပ် အထိုင်စခန်းတွေနဲ့ မဲရုံနေရာတွေကို နေပြည်တော် PDF တပ်ရင်းတွေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးစစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမထည့်ပဲ ဆန့်ကျင်တားဆီး ပေးကြဖို့ နေပြည်တော်တိုင်းစစ်ဌာနက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။