Connect with us

Hi, what are you looking for?

News

ရန်ကုန်သွေးကြွေးအတွက် ဘဏ်အစောင့်ချထားသော စစ်ကောင်စီတပ်ကို မုံရွာ GDFတိုက်ခိုက်၊ ရဲတစ်ဦးသေဆုံး

အထက်ပါဖြစ်စဥ်တွင် လာရောက်တိုက်ခိုက်သူများကို စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း အဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာဖြင့်ပြန်လည်ထွက်ခွာနိုင်ခဲ့သည်ဟု GDF က အသိပေးထားသည်။

(ယခုနှစ်ဖေဖော်ဝါရီအတွင်းက တွေ့ရသည့် မုံရွာမြို့စီးပွားရေးဘဏ်အဆောက်အအုံ၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းဖြစ်စဥ်အား သွေးကြွေးစပ်သည့်အနေဖြင့် စီးပွားရေးဘဏ်၌ အစောင့်ချထားသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့ပြပြောက်ကျားတပ် Generation Defence Force – GDF က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၅)ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်အဆောက်အအုံ၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် အစောင့်ချထားသော စစ်ကောင်စီတပ်မှ ရဲတစ်ဦးသေနတ်ကျည်ထိမှန်သေဆုံးကာ ထိခိုက်ဒဏ်ရာရမှုလည်းရှိနိုင်ကြောင်း မျက်မြင်တွေ့ရှိသူကို ကိုးကားပြီး ဒေသခံများက ပြောသည်။

အထက်ပါဖြစ်စဥ်တွင် လာရောက်တိုက်ခိုက်သူများကို စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း အဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာဖြင့်ပြန်လည်ထွက်ခွာနိုင်ခဲ့သည်ဟု GDF က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာချီတက်ဆန္ဒပြသော လူငယ်များအား စစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီးသည် လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)အပါအဝင် အဖွဲ့အစည်းအသီးသီးက သဘောထားထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

မြို့တွင်းမြို့နယ်ကလမ်း​​ဘေးအစားအ​​သောက်​ရောင်းတဲ့ဆိုင်​တွေကို ပိတ်ခိုင်း

သတင်း

ရန်ကုန်မြို့ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား​​​နေသူ​တွေ​ဆယ်နဲ့ ချီရှိ​နေပြီး ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေရတယ်လို့ သတင်းရရှိပါတယ် ။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်