Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်သွေးကြွေးအတွက် ဘဏ်အစောင့်ချထားသော စစ်ကောင်စီတပ်ကို မုံရွာ GDFတိုက်ခိုက်၊ ရဲတစ်ဦးသေဆုံး

အထက်ပါဖြစ်စဥ်တွင် လာရောက်တိုက်ခိုက်သူများကို စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း အဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာဖြင့်ပြန်လည်ထွက်ခွာနိုင်ခဲ့သည်ဟု GDF က အသိပေးထားသည်။

(ယခုနှစ်ဖေဖော်ဝါရီအတွင်းက တွေ့ရသည့် မုံရွာမြို့စီးပွားရေးဘဏ်အဆောက်အအုံ၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းဖြစ်စဥ်အား သွေးကြွေးစပ်သည့်အနေဖြင့် စီးပွားရေးဘဏ်၌ အစောင့်ချထားသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့ပြပြောက်ကျားတပ် Generation Defence Force – GDF က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၅)ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်အဆောက်အအုံ၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် အစောင့်ချထားသော စစ်ကောင်စီတပ်မှ ရဲတစ်ဦးသေနတ်ကျည်ထိမှန်သေဆုံးကာ ထိခိုက်ဒဏ်ရာရမှုလည်းရှိနိုင်ကြောင်း မျက်မြင်တွေ့ရှိသူကို ကိုးကားပြီး ဒေသခံများက ပြောသည်။

အထက်ပါဖြစ်စဥ်တွင် လာရောက်တိုက်ခိုက်သူများကို စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း အဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာဖြင့်ပြန်လည်ထွက်ခွာနိုင်ခဲ့သည်ဟု GDF က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာချီတက်ဆန္ဒပြသော လူငယ်များအား စစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီးသည် လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)အပါအဝင် အဖွဲ့အစည်းအသီးသီးက သဘောထားထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။