ဇန်နဝါရီ – ၂၁ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
ဇန်နဝါရီလ ၁၆ ရက်ကစတင်ပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရွာတွေဆီ ရေကြောင်းကတဆင့် အင်အား ၅၀၀ ခန့်ပါတဲ့ စစ်ကြောင်း ရောက်လာတာပါ။
အဲဒီနောက်ပိုင်းမှာတော့ နတ်ညွှန်း၊ ပြည်တော်သာ ၊ပတ္တာ၊ စာပို့၊ ဒါးကျွန်း၊ တန်ဆောင်းစတဲ့ ကျေးရွာတွေကို ဝင်ရောက်ပြီး မီးရှို့သွားတာလို့ သိရပါတယ်။

Public Service Announcement
စစ်ကြောင်းဝင်ပြီး မီးရှို့ခံနေရတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ မြစ်တဖက်ကမ်းက ရေစကြိုမြို့နယ်ဘက်ဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
“တိုက်ပွဲဖြစ်တာတော့မရှိဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာစစ်ကြောင်း ရှိနေသေးတဲ့အတွက် ဒေသခံတွေ ရွာကိုမပြန်ရဲကြပါဘူး။


















































