Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထုတ်ကုန်မသုံးဖို့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ စစ်ကိုင်းတိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်တပ်ထုတ်ကုန်မသုံးဖို့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဇန်နဝါရီ-၂၁၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်တပ်ထုတ်ကုန်မသုံးဖို့နဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှ စျေးနဲ့ လူစည်ကားရာနေရာတွေမှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ရဲဘော်တွေက “ဘူးသပိတ် ဆင်နွှဲဖက်ဆစ်ဖြိုလှဲ” ခေါင်းစဥ်နဲ့ စစ်တပ်ထုတ်ကုန်တွေမသုံးစွဲဖို့၊ စစ်တပ်နဲ့ ဆက်နွယ်နေသောအရာတွေကို မထောက်ခံဖို့ သွားရောက်နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ထုတ်ကုန် အမှတ်တံဆိပ်တွေ၊ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ဆိပ်ကမ်းတွေ စတဲ့ သတိပေးစာစဥ်တွေလည်း ကပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကို သုံးစွဲခြင်းဟာ လေယာဥ်ဆီနဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့ ဝင်ငွေရပြီး အပြစ်မရှိတဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ အတွက်ကြောင့် စစ်တပ်ထုတ်ကုန်နဲ့ စစ်တပ်နဲ့ ဆက်နွယ်နေသောအရာတွေကို မသုံးစွဲဖို့လည်း သပိတ်ဦးဆောင်သူတွေက နှိုးဆော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်တပ်ကပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။