Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့မှာစစ်တပ်ကကုန်စုံဆိုင်မှဘိလပ်မြေအိတ် ၄၀၀ ကိုယူသွားပြီး ဆိုင်ကိုချိတ်ပိတ်

မကွေးတိုင်း၊ရေစကြိုမြို့ပေါ်ကကုန်စုံဆိုင်တစ်ဆိုင်ကို အာဏာသိမ်းစစ်တပ်က ဗိုလ်မှူးကဦးဆောင်ပြီးဘိလပ်မြေအိတ်၄၀၀ကိုသိမ်းကာ ဆိုင်ကိုချိတ်ပိတ်သွားကြောင်းရေစကြိုသတင်းအချက်
အလက် ကော်မတီက ပြောပါတယ်။

<!-- wp:paragraph --> (အာဏာသိမ်းစစ်တပ်ကစစ်သား​တွေ။ဓါတ်ပုံ-စစ်​ကောင်စီ)

ဇန်နဝါရီ-၂၂၊၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ရေစကြိုမြို့ပေါ်ကကုန်စုံဆိုင်တစ်ဆိုင်ကို အာဏာသိမ်းစစ်တပ်က ဗိုလ်မှူးကဦးဆောင်ပြီးဘိလပ်မြေအိတ်၄၀၀ကိုသိမ်းကာ ဆိုင်ကိုချိတ်ပိတ်သွားကြောင်းရေစကြိုသတင်းအချက်အလက် ကော်မတီက ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့က ရေစကြိုမြို့ပေါ်တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးပြည့်ဖြိုးအောင် ဆိုသူက မြို့ပေါ်နှစ်ထောင်ပြည့်ရပ်ကွက်နဲ့ ရွာသစ်ကျေးရွာကြားဖွင့်လှစ်ထားတဲ့ စီုးစံသူကုန်စုံဆိုင်ကို ဝင်ရောက်မွှေနှောက်ပြီး ဘိလပ်မြေအိတ် ၄၀၀ ကို ၁၂ ဘီးကားနဲ့ သယ်ဆောင်သွားပါတယ်။ဒါအပြင်ဆိုင်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီက ပြောပါတယ်။

“သူတို့စွပ်စွဲတာတော့PDFထောက်ပို့လို့စွပ်စွဲပါတယ်။ခိုင်လုံမှု မရှိဘူးလို့တော့သိရပါတယ်။သူတို့ငွေတောင်းတာကို ကြည်ကြည်ဖြူဖြူမထည့်တဲ့သူတွေ၊ သူတို့နဲ့ စကားပြောအဆင်မပြေတဲ့သူတွေ၊ သူတို့အငြိုးထားတဲ့သူတွေဆိုရင် အဲဒီခေါင်းစဉ်တပ်ပြီး ယုတ်မာရိုင်းစိုင်းနေကြတာပါပဲ။”လို့ အ
ထက်ပါကော်မတီက တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ရှင်တွေကို ဖမ်းဆီးခြင်းရှိ:၊မရှိ လူထုနွေဦးက အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် အဲဒီဗိုလ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း နှစ်ထောင်ပြည့်ရပ်
ကွက်က ဦးကွန့် ဆိုသူပိုင်ဆိုင်တဲ့လိုက်ထရပ်ကားနဲ့ ပါရာဒိုကားတွေကို အတင်းအဓမ္မယူဆောင်သွားခဲ့ပြီး သူ့ကိုယ်ပိုင်ကားလိုစီးနင်းနေတယ်လို့ရေစကြိုသတင်းအချက်အလက်ကော်မတီကပြောပါတယ်။

စစ်ကောင်စီရဲ့ဗိုလ်မှူးဟာရေစကြိုမြို့ပေါ်မှာ ​ငွေ​တောင်းကြမ်းနေတယ်လို့ ​ဒေသခံ​တွေကြားသတင်းကြီး​နေပါတယ်။ ပွဲလမ်းသဘင်များ အ
ကြောင်းပြကာ ကုန်သည်၊ ပွဲစား လုပ်ငန်းရှင်များကို အဓမ္မငွေကြေးခွဲတမ်းချ တောင်းယူနေကြောင်း၊ လူငယ်များကိုလည်း ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသခံများက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။