Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ပေါ်ကနေ KNA တပ်ဖွဲ့ထွက်ခွာဖို့ စစ်ကောင်စီတပ်ဖိအားပေး

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ပေါ်မှာတပ်စွဲထားတဲ့ ကရင်အမျိုးသားတပ်(KNA)တပ်ဖွဲ့ဝင်တွေကိုလာမယ့် တနင်္ဂနွေနေ့ ( ဇန်နဝါရီလ ၂၅ ရက်) နောက်ဆုံးထားပြီး မြို့ပေါ်ကနေ ထွက်ခွာသွားဖို့ စစ်ကောင်စီတပ်က အမိန့်ပေးလိုက်ပြီး မြို့လုံခြုံရေးအတွက် အပစ်ရပ် ကရင်အဖွဲ့တွေဆီကနေ အင်အားရာချီတောင်းခံနေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

KNA တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရပုံ

ဇန်နဝါရီ -၂၃ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ပေါ်မှာတပ်စွဲထားတဲ့ ကရင်အမျိုးသားတပ်(KNA)တပ်ဖွဲ့ဝင်တွေကိုလာမယ့် တနင်္ဂနွေနေ့ ( ဇန်နဝါရီလ ၂၅ ရက်) နောက်ဆုံးထားပြီး မြို့ပေါ်ကနေ ထွက်ခွာသွားဖို့ စစ်ကောင်စီတပ်က အမိန့်ပေးလိုက်ပြီး မြို့လုံခြုံရေးအတွက် အပစ်ရပ် ကရင်အဖွဲ့တွေဆီကနေ အင်အားရာချီတောင်းခံနေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကရင်ပြည်နယ်၊မြ၀တီမြို့မှာစစ်ကောင်စီတပ်ရဲ့တပ်မ(၂၂)တပ်မမှုးနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)၊ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တပ်ဖွဲ့တို့ရဲ့ ဆက်ဆံရေးရုံးတာဝန်ခံတွေ ဇန်နဝါရီလ ၁၉ ရက်ညနေပိုင်းမှာ တွေ့ဆုံကြပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တပ်မ(၂၂) တပ်မမှုးက BGF ကနေ KNA ဖွဲ့စည်းတာနဲ့ပတ်သက်ပြီးတရားဝင်ခွင့်ပြုပေးထားတာမရှိတဲ့အတွက် မြ၀တီမြို့ပေါ်မှာနေထိုင်ခွင့်မပြုဖို့ အထက်ကညွှန်ကြားလာတယ်ဆိုတာ တွေ့ဆုံပွဲမှာပြောခဲ့တယ်လို့ သတင်းရင်းမြစ်ကအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ မြ၀တီမြို့ပေါ်က စောချစ်သူ၊ စောတင်ဝင်းတို့ရဲ့လက်အောက်ခံ KNA တပ်ဖွဲ့ဝင်တွေ ရှိနေသလို KNA အဖြစ် မပြောင်းသေးပဲ BGF အဖြစ် ဆက်ရှိနေတဲ့ စောမုတ်သုန်တို့ရဲ့ BGF တပ်ဖွဲ့ဝင်တွေလည်း ရှိနေတာပါ။

“ကျွန်တော်တို့ကြားတာ ချက်ချင်း KNA တွေကို BGF ပြန်ချိန်းခိုင်းတယ်” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်နောက်ပိုင်းမြ၀တီမြို့ထဲကိုကရင်အမျိုးသားတပ်(KNA) တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖြတ်သန်းသွားလာတာတွေကို ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

ဒါအပြင် အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ DKBA ၊ KNU/KNLA PC တွေအနေနဲ့ မြ၀တီမြို့ လုံခြုံရေးကိစ္စရပ်တွေမှာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တပ်မ(၂၂) တပ်မမှုးက ပြောကြားထားပါတယ်။

မြ၀တီမြို့ပေါ်မှာရှိတဲ့ DKBA ၊ KNU/KNLA PC တပ်ဖွဲ့တွေရဲ့ တပ်တည်၊တပ်ဖြန့် တည်နေရာတွေနဲ့ စစ်သည်တစ်ဦးချင်းရဲ့ အမည်စာရင်း၊ ဓာတ်ပုံတွေကို ဇန်နဝါရီလ ၂၄ရက် နောက်ဆုံးထားကာ ပေးပို့ပေးဖို့ စစ်ကောင်စီတပ်က တောင်းဆိုလိုက်ပြီးဒီလိုတောင်းဆိုရတာဟာတပ်ဖွဲ့ဝင်အယောင် ဆောင်တွေကို အရေးယူဆောင်ရွက်ရမှာ အဆင်ပြေစေဖို့ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။

မြ၀တီမြို့စောင့်တပ် ခလရ(၂၇၅)တပ်ရင်းဌာနချုပ် တိုက်ခိုက်ခံရရင် ပြန်လည်တုံ့ပြန်ဖို့အတွက် မြ၀တီမြို့မှာ လေယာဉ်ဗုံးကြဲဖို့ နေရာ ပွိုင့် (၁၈)ခု သတ်မှတ်ထားရှိပြီးပြီလို့လည်း တပ်မ(၂၂)တပ်မမှုးကခြိမ်း ခြောက်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။