Connect with us

Hi, what are you looking for?

News

မြင်းမူတွင် စစ်တပ်အားကိုးအုပ်ချုပ်ရေးမှုး သေနတ်ဖြင့် ပစ်သတ်ခံရ

ဇာနည်အောင်သည် စစ်တပ်ကို ရွာသို့ဖိတ်ခေါ်ခဲ့ပြီး ဒေသခံများကို ဒက္ခပေးနေသူဟုစစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

(မြင်းမူမြို့ တစ်​နေရာကို ပြီးခဲ့သည့် ​မေလ၉ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မြင်းမူမြို့နယ် ပဲကူကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးသည် ယနေ့ နေ့လယ်ပိုင်း နေအိမ်၌ ရှိနေစဥ် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

ပဲကူကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးဇာနည်အောင်သည် ကျေးရွာမှ စစ်အာဏာရှင်ဆန့်ကျင်နေရသူများကို လာရောက်ဖမ်းဆီးပေးရန် စစ်တပ်အား ဒီဇင်ဘာနှစ်ရက်ကခေါ်ခဲ့ပြီး လေးရက်အကြာတွင် အသတ်ခံလိုက်ရခြင်းဟု ဒေသခံများက ပြောသည်။

” ဇာနည်အောင်က စစ်တပ်ရဲ့ ဘောမကောင်။ ရွာဆီ စစ်တပ်ကို ဖိတ်ပြီး ဒုက္ခပေးခဲဲ့တဲ့ကောင်။ သေနတ်နဲ့ ရှစ်ချက်အထိ ပစ်သတ်သွားတာ။ ဘယ်လောက်​တောင် ရွံနေလဲ စဥ်းစားကြည့်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇာနည်အောင်သည် စစ်တပ်ကို ရွာသို့ဖိတ်ခေါ်ခဲ့ပြီး ဒေသခံများကို ဒက္ခပေးနေသူဟုစစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook