ဖေဖော်ဝါရီ-၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့(ဖေဖော်ဝါရီ ၂ရက်)မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲ ၂နာရီ ၂၀မိနစ်လောက်မှာ မင်းတပ်မြို့ အမှတ်(၁) ဘက်ရှိ ကျေးရွာ တစ်ရွာကို ၃ကြိမ် ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်းလွဲ ၃နာရီ ၄၅ မိနစ်လောက်မှာလည်း အမှတ်(၁) တိုက်နယ်ဘက်က ကျေးရွာကိုပဲ ထပ်မံလေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

Public Service Announcement
” ထိခိုက်ပျက်စီးမှု ရှိတယ်လို့ပဲ သိရသေးတယ်။” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ ကျေးရွာထဲကို စစ်ကောင်စီက ဗုံးကြဲခဲ့တာလို့လည်း ပြောပါတယ်။
မင်းတပ်မြို့နယ်ကို ချင်းညီနောင်က ၂၀၂၄ ဒီဇင်ဘာမှာ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကလည်း မင်းတပ်မြို့အဝင် နေရာ ၂ခုကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သလို ၂၀၂၅ ဒီဇင်ဘာ ၂၅ရက်ကလည်း မင်းတပ်မြို့ပေါ် တနေရာကို လေကြောင်းဗုံးကြဲခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၇လုံး ပျက်စီးခဲ့ရပါတယ်။


















































