Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းအ​ရှေ့ခြမ်းကိုစစ်တပ်ဗုံးကြဲ ပြည်သူ ၂ ဦး​သေဆုံး

မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းစစ်တပ်ကဒီ​နေ့ ​မွန်းလွဲပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ဦသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

(စစ်တပ်ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ )

မတ်-၁၀ ၊၂၀၂၆။ဇော်ဝင်း/Peoples Spring

မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းစစ်တပ်ကဒီ​နေ့ ​မွန်းလွဲပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ဦသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မတ်လ ၁၀ ရက်နေ့လယ် ၁ နာရီခွဲဝန်းကျင်က ထီးလင်းမြို့နယ်အရှေ့ခြမ်းရေမျက်နီကျေးရွာ နဲ့ ၁၀ မိုင်ခန့်အကွာက ကျေးရွာကို စစ်တပ်က တိုက်​လေယာဥ်နဲ့ လေကြောင်းက​နေဗုံးကြဲခဲ့တာပါ။

ဗုံးကြဲခံရတာကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ခေါင်းပြတ်ပြီး အသက် ၂၂ အရွယ်အမျိုးသမီးက ဦးခေါင်းထိမှန်ပြီး သေဆုံးသွားရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဘာတိုက်ပွဲမှမရှိဘူး။ဗုံးက ရွာတောင်ပိုင်းကို ကျတာ။ပေါင် ၂၀၀ ဗုံး လောက်ဖြစ်မယ်”လို့ ထီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေဟာအိမ်ထောင်ရှင်တွေ ဖြစ်ပြီး တစ်နှစ်အရွယ်ကလေးငယ် နဲ့ ကိုယ်ဝန်ဆောင်သည်ဇနီးတွေကျန်ရစ်ခဲ့တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့လ ၅ ရက်နေ့က ထီးလင်းမြို့နယ်နဲ့ထိစပ်နေတဲ့ ဆောမြို့နယ် မိအယ်ကျေးရွာကိုစစ်တပ်က လေကြောင်းက​နေဗုံးကြဲကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပါ​သေးတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း တနသာ်ရီ နဲ့ ကရင်နီပြည်နယ်တို့မှာလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားငါးဦးထက်မနည်းသေဆုံးထိခိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သင်္ကြန်အတက်နေ့ ပြည်သူတွေရေကစားနေတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ‌ကလေးငယ်တွေ၊ ဈေးရောင်းဈေးဝယ်နေသူတွေအပါအဝင်ပြည်သူ ၁၇ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ကတရာဝင် သတင်းထုတ်ပြန်ပါတယ်ယိုးငူကျေးရွာဈေးကိုဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၇မိနစ်မှာစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာပါ။