Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်အတက်နေ့ မုံရွာမှာ ပြည်သူတွေရေကစားတဲ့နေရာကို စစ်တပ်ဗုံးကြဲလို့ ၃ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သင်္ကြန်အတက်နေ့ ပြည်သူတွေရေကစားနေတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။

(ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ပျက်စီးသွားသော ဆိုင်ကယ်နဲ့ ဆိုင်ခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

ဧပြီ-၁၆၊၂၀၂၆ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သင်္ကြန်အတက်နေ့ ပြည်သူတွေရေကစားနေတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့ နေ့လယ် ၂ နာရီခန့်က မုံရွာမြို့နယ်၊ ကျောက္ကာရွာက ပြည်သူတွေ သင်္ကြန်ရေကစားနေတဲ့နေရာကို စစ်တပ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲ​ ဖြစ်ပွားခြင်းမရှိဘူး။ ပြည်သူတွေ ရေကစားနေတဲ့နေရာကိုချတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးပြီး အခြားပြည်သူ ၁၃ ဦး ဒဏ်ရာရတယ်လို့ ပကဖရဲဘော်တစ်ဦးက ပြောပါတယ်။

“ဒီပုံထဲက ကလေးက(ခါးပိုင်းပြတ်နေတဲ့ပုံကိုပြပြီး) ဂျွိုင်ရိုကော်ပတာ လေကြောင်းတိုက်ခိုက်မယ့်နေရာနား၊ လမ်းပေါ်ဆိုင်ကယ်ဖြတ်စီးရင်း၊ ဗုံးစထိပြီး အောက်ပိုင်းပြတ်ကာ ပွဲချင်ပြီးသေဆုံးတာ။ ဆိုင်ကယ်ဝပ်ရှော့ ပြည်သူ့နေအိမ်အပေါ်တည့်တည့်ကိုချတာဗျာ။ အမျိုးသမီး (၂) ဦးက ဗုံးချခံရတဲ့ အိမ်ထဲမှာတင် ဆုံးတာ။”လို့ ပကဖရဲဘော်က ပြောပါတယ်။

ဗုံးကြဲရောက်မှုကြောင့် ဆိုင်ကယ်ပြင်ဆိုင် မီးလောင်ပျက်စီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သင်္ကြန်တွင်းမှာ စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ သင်္ကြန်ပွဲတော်ကို စည်ကားအောင်ပြုလုပ်နေပေမဲ့ တော်လှန်ဒေသအသီးသီးက ကျေးရွာတွေမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းကပဲ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်လဲရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။