Connect with us

Hi, what are you looking for?

News

မုံရွာ-ပုသိမ်လမ်းနှင့် ယာကြီး-က​လေးဝ လမ်းမကြီးများယ​နေ့ညမှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေး

“ဘာကြောင့်ပိတ်တယ်ဆိုတာ ကြိုပြောလို့မရပါဘူး”ဟု ယင်းမာပင် PDF မှ ဖြေကြားသည်။

စစ်ကိုင်းတိုင်း ချင်းတွင်းတံတား(မုံရွာ)၊ မုံရွာ-ပုသိမ်လမ်းမကြီးနှင့် ယာကြီး-ကလေးဝလမ်းမကြီးများအား ယနေ့ညမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDFအဖွဲ့များက အသိပေးကြေညာသည်။

ယနေ့( ဒီဇင်ဘာလ ၈ ရက်နေ့) ည၁၂နာရီမှစ၍ချင်းတွင်းတံတား(မုံရွာ)နှင့် ယာကြီး-ကလေးဝ လမ်းမကြီးအားအကန့်သတ်မရှိ ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့်ဖြတ်သန်းသွားလာခွင့်ပြန်လည်ရရှိမည့်အချိန်နှင့် နေ့ရက်အား ပြန်လည်အသိပေးမည်ဟု ယင်းမာပင် PDFက အသိပေးသည်။

“ဘာကြောင့်ပိတ်တယ်ဆိုတာ ကြိုပြောလို့မရပါဘူး”ဟု ယင်းမာပင် PDF မှ ဖြေကြားသည်။

အလားတူ မုံရွာ-ပုသိမ်လမ်းမကြီးအား ယနေ့ (ဒီဇင်ဘာလ ၇ ရက်)မှ နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာမထုတ်ပြန်မီအထိ ခရီးသွားလာခြင်းများအားရှောင်ရှားကြပါရန် Salingyi Local Defence Force မှ ကြေညာချက်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းမှစတင်ကာ ပြင်ပထွက်ခွာခြင်းမပြုရန်နှင့် မုံရွာ-အမြင့်ကျေးလက်လမ်းလည်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDFများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Facebook