Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုရှိ ခမရ(၄၂၇)တပ်ကင်းပုန်းကို PDFတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေ

ကယား(ကရင်နီ)ဒေသ၌ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့က ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။

(ဒီး​မော့ဆို PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ကယားပြည်နယ် ဒီးမော့ဆိုမြို့ ငွေတောင်အုပ်စုမှ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ (၄၂၇)တပ်ရင်းရှိ ကင်းပုန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၅ရက်ည ၇နာရီခန့်က အဆိုပါ ကင်းပုန်းကို ရှောင်တခင် ဝင်တိုက်ရာ ၁၅မိစနစ်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ သုံးဦးသေဆုံး၊ ငါးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် PDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အာဏာလုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ကျဆုံးရေးအတွက် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)အနေဖြင့် အစွမ်းကုန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲအချို့ကို လုံခြုံရေးအရ အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်သွားတော့မည်မဟုတ်ဟုလည် အသိပေးထားသည်။

ကယား(ကရင်နီ)ဒေသ၌ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့က ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook