Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်မှာ အစိုးရတစ်ရပ်နဲ့ကာကွယ်ရေးတပ်တစ်ခုတည်းဖြစ်ဖို့ CDMတွေ တောင်းဆို

ကရင်နီပြည်နယ်မှာ အစိုးရတစ်ရပ်နဲ့ကာကွယ်ရေးတပ်တစ်ခုတည်းဖြစ်ဖို့ ကရင်နီပြည်ရှိ CDM တွေက တောင်းဆို ကြေညာချက်ထုတ်ပြန်ပါတယ်။

(KNDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ဖေဖော်ဝါရီ-၃၊၂၀၂၆။ဇော်ဝင်း /People’s Spring

ကရင်နီပြည်နယ်မှာ အစိုးရတစ်ရပ်နဲ့ကာကွယ်ရေးတပ်တစ်ခုတည်းဖြစ်ဖို့ ကရင်နီပြည်ရှိ CDM တွေက တောင်းဆို ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီကြေညာချက်အတွက် ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ် ရှားမှုကောင်စီ ( KSCSC-CDM) နဲ့ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း ဌာနစုံ CDMတွေက ဖေဖော်ဝါရီ ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“တော်လှန်ရေးကာလ မရှည်ကြာစေဖို့ပါ။တော် လှန်ရေးက ကြာနိုင်တယ်ဆိုပေမဲ့စုစည်းညီညွတ်မှုရှိရင် အင်အားလည်း ပိုကြီးမယ်။ ခုခံစစ်ဖြစ်စေ တိုက်စစ်ဖြစ်စေ ပိုထိရောက်မယ်။ စစ်ရေးလိုအပ်ချက်တွေအတွက်လည်း ပိုပြီးပြည့်စုံလာနိုင်တယ်။ ပြည်သူတွေကို ကာကွယ်မှုပိုပေးနိုင်မယ်လို့ ယုံကြည်တယ်။စုစည်းညီညွတ်ရင် တော်လှန်ရေး အချိန်မြန်မြန် ပြီးနိုင်ပါမယ်”လို့ KSCSC-CDM ကောင်စီရဲ့ တာဝန်ရှိသူက ကြေညာချက်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်အတွင်း နိုင်ငံရေး၊စစ်ရေး၊အုပ်ချုပ်ရေး၊ဥပဒေ ပြုရေး၊တရားစီရင်ရေး ကဏ္ဍအသီးသီးမှာ ဦးဆောင်နေကြတဲ့ ခေါင်းဆောင်ကြီးတွေအနေနဲ့ (One Goverment and One Army)ဖြစ်ပေါ်လာရေး အမြန်ဆုံးအကောင်အထည် ဖော်ပေးဖို့ လည်း KSCSC-CDM ကောင်စီတိုက် တွန်းပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း ကရင်နီပြည်နယ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးကို စုစည်းပြီး ညီညွတ်တဲ့ ကရင်နီပြည်နယ်တပ်ကို ဖွဲ့စည်းနိုင်ဖို့ စစ်ရေး၊နိုင်ငံရေး ဦးဆောင်သူတွေနဲ့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

“ပြည်နယ်ကောင်စီ(KSCC)ရဲ့ ဖွဲ့စည်းပုံဥပဒေထွက်လာမယ့်အချိန်စောင့် နေကြတယ်။အဲဒါပြီးရင် ပြည်နယ် ရွေးကောက်ပွဲ ရှိမယ်။ အစိုးရ ပေါ်လာပြီးရင်တော့ ဝန်ကြီးဌာနအလိုက်ပါလာမယ်။နောက် ဆက်တွဲ အစိုးရအောက်မှာ ပြည်နယ်တပ်ရှိလာမယ်။အဲဒီလို လုပ်ငန်းစဥ်တွေက ခပ်မြန်မြန်နဲ့ အတည်တံ့ဆုံး ဖြစ်လာဖို့ လိုတယ်”လို့ အသက်(၃၅)နှစ်အရွယ် ကရင်နီဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့လို့ ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့အစည်းအဝေးလုပ်ခဲ့ပြီး ၂၀၂၁ ဧပြီမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) က ဖွဲ့စည်းခဲ့ပါတယ်။

KSCCကနေ ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးတွေ ကို အကောင် အထည်ဖော်နေပါတယ်။လက်ရှိ ကရင်နီပြည်နယ်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဟာ KSCCက အကောင်အထည်ဖော်ထားတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။

လက်ရှိပြည်နယ်ရဲ့စစ်ရေးကဏ္ဍမှာ ကရင်နီစစ်ဦးစီးကော်မတီ (JCS)က ဦးစီးနေပေမယ့် ပြည်နယ်အုပ်ချုပ်ရေးကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သိရပါတယ်။

IEC ကရရှိတဲ့ အခွန်ငွေတွေကို JCS အောက်မှာရှိတဲ့ တပ်ဖွဲ့တစ်ခုချင်းအလိုက်ကို ကာကွယ်ရေးအသုံးစရိတ်အနေနဲ့ ခွဲတမ်းပေးနေရတယ်လို့ သိရပါတယ်။

စစ်ဦးစီးကော်မတီ(JCS)ထဲမှာ ကရင်နီပြည်တပ်မတော် (KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး KNPLF ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSO၊ ကရင်နီအမျိုးသားငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ KNPDP နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDFနဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့အချို့ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။