Connect with us

Hi, what are you looking for?

မေးမြန်းခန်း

ကချင်ပြည်နယ်​ လတ်တ​လောစစ်​ရေး အ​ခြေအ​နေအ​ပေါ် ဗိုလ်မှူး​ကြီးနော်ဘူ​ ပြောကြားချက်

လတ်တလော စစ်ရေး အခြေအနေတွေနဲ့ ဖေဖော်ဝါရီ ၅ရက်မှာ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့အထဲ ထူးခြားတဲ့ အကြောင်းအရာတွေကို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း- ထားမြတ်၊သဇင်/People’s Spring

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ​ဖေ​ဖော်ဝါရီလဆန်းမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ စခန်း​တွေ၊ တပ်စွဲရာ​နေရာ​​တွေကို ထိုးစစ်ဆင်ရင်း ​ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ KIAက ၂၀၂၄ ဒီဇင်ဘာကတည်းက မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲနေတဲ့ ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်ရှိနေသလို ၂၀၂၄ မတ်လ KIA ရဲ့ ထိုးစစ်ကြီးအတွင်း ခလရ(၃၂၁) အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းများစွာသိမ်းနိုင်ခဲ့တဲ့ ဝိုင်းမော်မြို့နယ်မှာလည်း အခုဖေဖော်ဝါရီလဆန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒါ့အပြင် စစ်တပ်စစ်​ကြောင်းထွက်လာတဲ့ ဖားကန့်မြို့နယ်မှာလည်း KIA နဲ့ KPDF ​တွေ ဖြတ်​တောက်တိုက်ခိုက်ရင်း တိုက်ပွဲတွေပြင်းထန်​နေသလို အင်း​တော်ကြီးဘက်မှာ လည်းတိုက်ပွဲ​တွေ ဖြစ်နေပါတယ်။

ဒါကြောင့် လတ်တလော စစ်ရေး အခြေအနေတွေနဲ့ ဖေဖော်ဝါရီ ၅ရက်မှာ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့အထဲ ထူးခြားတဲ့ အကြောင်းအရာတွေကို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

●ကချင်ပြည်နယ်​ လတ်တ​လောစစ်​ရေး အ​ခြေအ​နေအ​ပေါ် ဗိုလ်မှူး​ကြီးနော်ဘူ​ ပြောကြားချက် မေးမြန်း- ထားမြတ်၊သဇင်/People's…

Posted by People's Spring on Friday 6 February 2026

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၃ဦးကို လွှတ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။