Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်ကို စစ်ကောင်စီ တစ်ရက်တည်း လေကြောင်း ၉ကြိမ်တိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသသတင်းရင်းမြစ်က အသိပေးထားပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသသတင်းရင်းမြစ်က အသိပေးထားပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသသတင်းရင်းမြစ်က အသိပေးထားပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၇ရက် နေ့လည်ပိုင်း ၁၂နာရီခွဲဝန်းကျင်ကစပြီး မင်းတပ်မြို့နယ် အမှတ်(၁) တိုက်နယ်က ကျေးရွာ ၂ရွာအနီးကို ၅ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သလို့ မွန်းလွဲ ၂နာရီနောက်ပိုင်းမှာလည်း မင်းတပ်အနောက်ခြမ်း တနေရာကို ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

” သေဆုံးထိခိုက်တာ ရှိတယ်လို့ ကြားတယ်။ ထပ်မသိရသေးဘူ။ပျက်စီးမှု(နေအိမ်ပျက်စီးမှု)ရှိတယ်လို့ပဲ သိရတယ်။ အဆက်အသွယ် ထပ်မရသေးဘူး”လို့ ဒေသသတင်းရင်းမြစ်က မင်းတပ် မြို့နယ်အတွင်း လေကြောင်းဗုံးကြဲခံရမှု အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာမှာ ပေါက်ကွဲအားပြင်းတဲ့ Cluster ဗုံးဟု ယူဆရတဲ့ ဗုံးတွေသုံးခဲ့တာဖြစ်ပြီး ဆင့်ပွားပေါက်ကွဲသံများလည်းကြားရကြောင်း ဒေသသ တင်းရင်းမြစ်က အသိပေးပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂ရက်ကလည်း မင်းတပ်မြို့နယ် တိုက်နယ်(၁)ဘက်ရှိ ကျေးရွာကို ၆ကြိမ် ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အချို့ ပျက်စီးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ဒေသခံက အသိပေးထားပါတယ်။

မင်းတပ်မြို့နယ်ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော် (CPU/CPA)ထိန်းချုပ်ထားတာဖြစ်ပါတယ်။ CPU/CPAဟာ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီ၊CDF ဒိုင်စတဲ့ဒေသကာကွယ်ရေးတပ် လေးခု ပေါင်းစည်းဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

မင်းတပ်မြို့နယ်ကို စစ်ကောင်စီ တစ်ရက်တည်း လေကြောင်း ၉ကြိမ်တိုက်ခိုက် ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ဟန်နွေ/People’s…

Posted by People's Spring on Saturday 7 February 2026

ရုပ်သံ – HKL-Mindat

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook