Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စစ်ကိုင်းက ပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာစစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လူထုသပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့(ဖေဖော်ဝါရီ ၈)မှာပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာစစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လူထုသပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့(ဖေဖော်ဝါရီ ၈)မှာပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းဟာ “လှေပြောင်းစီးရုံနဲ့ မုန်တိုင်းကရပ်မသွားဘူး”စာသားကိုင်စွဲပြီး စစ်တပ်က ရွေးကောက်ပွဲလုပ် ယူနီဖောင်းချွတ် တိုက်ပုံဝတ် အစိုးရလုပ်ဖို့ လုပ်နေပေမယ့် ပြည်သူတွေကတော့ အရေခြုံ အစိုးရအပေါ် လက်ခံမှာမဟုတ်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လက်ကမ်းစာစောင်တွေကိုလည်း မျှဝေခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း”အဓမ္မကို အမြစ်ဖြတ်တော်လှန်လမ်းမပေါ်ကရွှေဥက္ကံ” စာသားကိုင်ဆွဲပြီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းကစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျရှုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။