Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီကို ထောက်ခံအားပေးဖို့ ဂျပန်ရောက်မြန်မာတွေ ဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဧပြီ-၁၆၊၂၀၂၆။ သုည/People’s Spring

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဂျပန်ရောက် မြန်မာတွေက “We Support SCEF” စာသားနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့သလို “Reject The illegal Military Government of The Sham Election in Myanmar” စာသားနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲရလဒ်နဲ့ ဟန်ပြအစိုးရကို လုံးဝလက်မခံဖို့လည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ခံအား ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုကာ ပူးပေါင်းဆောင်ရွက်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းအားလုံး လွတ်ပေးရန် စစ်တပ်ကို ဖိအားပေးပေးဖို့၊ ကလေးသူငယ်ပါမကျန် ဗုံးကြဲ ၊ ရွာလုံးကျွတ်မီးရှို့သတ်ဖြတ်နေတဲ့ စစ်တပ်နဲ့ စစ်တပ်ရဲ့ဒေါက်တိုင်တွေ၊ ဦးပိုင်ကုမ္ပဏီနဲ့ စစ်တပ်ဆက်စပ်လုပ်ငန်းတွေကို စီးပွါးရေးအရ ပိတ်ဆို့ပေးဖို့၊ စစ်ဘေးရှောင်တွေကို ကူညီပေးဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – NUG Support Team Japan

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Global Ring မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုနဲ့ (၈၁)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် စတုဒီသာ ရန်ပုံငွေပွဲ ဒီကနေ့ (ဇူလိုင် ၁၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူစည်ကားတဲ့ ရှီဘူယဘူတာအနီးမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဧပြီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။