Connect with us

Hi, what are you looking for?

News

CDF-ထန်တလန်နဲ့ တိုက်ပွဲ စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၁၇ ဦး​သေဆုံး

ချင်းပြည်နယ် ခွာဟရိန်း​တောင်​ကြောတစ်​နေရာတွင် ဒီ​နေ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ မှာအာဏာသိမ်းစစ်​ကောင်စီမှ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦး အပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး​သေဆုံးခဲ့တယ်လို့ ချင်း​ဒေသကာကွယ်​ရေးအဖွဲ့ -ထန်တလန်(CDF- Thantlang)က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၀ ရက်နံနက် ၁၀ နာရီဝန်းကျင်မှာ ခွာဟရိန်း​တောင်​ကြောတစ်​နေရာမှာဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂၆ ​ယောက်အနက် ၁၇ ဦး​သေဆုံးခဲ့တာဖြစ်ပါတယ် ။ CDF-ထန်တလန် တပ်ဖွဲ့ဝင်​တွေဘက်မှာ​တော့ ထိခိုက် ကျဆုံးမှု မရှိပါ​ကြောင်း ​ဖော်ပြထားပါတယ် ။

ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်​ကောင်စီကို ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့​တွေက ​တော်လှန်တိုက်ခိုက်​နေရာမှာ
စစ်​ကောင်စီတပ်ဖွဲ့က စစ်အင်အာအများအပြားအသုံးပြုတိုက်ခိုက်​နေ​ပေမယ့်CDF တပ်ဖွဲ့ဝင်​တွေရဲ့ ရဲစွမ်းသတ္တိနဲ့ တိုက်ရည်ခိုက်ရည်​ကောင်းမွန်မှု​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေအ​ရေအတွက်များစွာမကြာခဏ​သေဆုံး​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။