ဇွန် ၁၀ ရက်နံနက် ၁၀ နာရီဝန်းကျင်မှာ ခွာဟရိန်းတောင်ကြောတစ်နေရာမှာဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ယောက်အနက် ၁၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ် ။ CDF-ထန်တလန် တပ်ဖွဲ့ဝင်တွေဘက်မှာတော့ ထိခိုက် ကျဆုံးမှု မရှိပါကြောင်း ဖော်ပြထားပါတယ် ။
ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တော်လှန်တိုက်ခိုက်နေရာမှာ
စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အာအများအပြားအသုံးပြုတိုက်ခိုက်နေပေမယ့်CDF တပ်ဖွဲ့ဝင်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ တိုက်ရည်ခိုက်ရည်ကောင်းမွန်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရေအတွက်များစွာမကြာခဏသေဆုံးနေပါတယ်။
