Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကိုင်းတိုင်းဖြတ်သန်းမည့် ကုမ္ပဏီနှင့် လုပ်ငန်းကြီးများပိုင်ကားများ NUGကို အခွန်​ဆောင်ထား​ကြောင်းဒစ်ဂျစ်တယ်စလစ်ပြရမည်

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစားလုပ်ငန်းကြီးများ၊လုပ်ငန်းကားများအား အမျိုးသားညီညွတ်ရေးအစိုးရသို့ ဝင်ငွေခွန်ဆောင်ပြီး digital slip ဖြတ်ပိုင်းများ ပြသနိုင်မှ ဖြတ်သန်းခွင့်ပြုမည်ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာသည်။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၈ ရက်နေ့)တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစားလုပ်ငန်းကြီးများ လုပ်ငန်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသို့ ဝင်ငွေခွန်ဆောင်ပြီး digital slip ဖြတ်ပိုင်းများကို စစ်ဆေးရေးဆောင်ရွက်သည့် တာဝန်ရှိ တပ်ဖွဲ့များသို့ ပြသရမည်ဖြစ်သည်။ မပြသနိုင်သည့် လုပ်ငန်းများအား သတ်မှတ်ကာလ ကျော်လွန်ပါက အရေးယူသွားမည် ဖြစ်ကြောင်း သတိပေးသွားမည်ဖြစ်ကြောင်း၊ သက်မှတ်ကာလအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့သက်မှတ်ပြီး ယင်းနေ့ ကျော်လွန်ပါက မြို့နယ် ပ-အ-ဖ (မြို့နယ်အုပ်ချုပ်​ရေးအဖွဲ့ )များနှင့် ချိတ်ဆက်၍ ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက် စစ်ဗိုလ်ချုပ်ကြီးများ၏ စီးပွားရေးလုပ်ငန်းများ၊ အကြမ်းဖက်စစ်တပ်၏ ဦးပိုင်လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သည့် အရက်ဘီယာများကို နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ စစ်ကိုင်းတိုင်းနယ်နိမိတ်အတွင်းတွင် ရောင်းဝယ်ဖောက်ကားခြင်း သယ်ယူဖြန့်ဖြူးခြင်းများ မပြုကြရန် တားမြစ်ခဲ့သည်။စစ်ကိုင်းတိုင်းနယ်နိမိတ်အတွင်းရှိ လမ်းမများ နှင့် မြစ်ကြောင်းများတွင် မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့များ ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပြီး တားမြစ်ထားသည့် အရက်၊ ဘီယာများကို ဖျက်ဆီးခဲ့ခြင်း၊ ကားဆရာများကို နောက်နောင် သယ်ယူခြင်းများ မပြုကြရန် သတိပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ လမ်းမကြီးတစ်ချို့တွင် မသမာသူအချို့သည် PDF အယောင်ဆောင်ကာ တာဝန်ခံများနှင့် ကွန်ယက် အချိတ်အဆက်မရှိဘဲ အယောင်ဆောင်စစ်ဆေးမှုများ ပြုလုပ်ကာ အများပြည်သူများကို စိတ်အနှောက်အယှက် ဖြစ်စေခြင်း၊ ငွေတောင်းခံခြင်း များ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း စိစစ်တွေ့ရှိရကြောင်း၊ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် အဆိုပါ PDF အယောင်ဆောင်များအား စုံစမ်းဖေါ်ထုတ်၍ သတိပေးခြင်း၊ ထိရောက်စွာ အရေးယူခြင်းများ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကွယ်ရေးတပ်ဖွဲ့အသီးသီးသည် အုပ်ချုပ်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို မြို့နယ်ပ−အ−ဖ အဖွဲ့များ၏ တာဝန်ဟု မှတ်ယူပြီး မြို့နယ်ပ−အ−ဖ အဖွဲ့များအား ကူညီဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ကြောင်း၊ ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ကြရာတွင် နယ်မြေရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရေးအတွက် ခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံများ နှင့် ချိတ်ဆက်ဆောင်ရွက်ကြပါရန် နှင့် လုံခြုံရေးအတွင်းစည်း အပြင်စည်း (ကင်းတို၊ ကင်းရှည်) များ ထားရှိဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း၊တော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးတပ်သားများအနေဖြင့် ပြည်သူနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိခြင်း၊ အချင်းချင်း ညီညွတ်စွာ ချိတ်ဆက် ဆောင်ရွက်ကြခြင်း၊ တပ်ပေါင်းစုစိတ်ဓာတ်မွေးမြူ၍ လက်တွဲ ဆောင်ရွက်ကြခြင်းဖြင့် တော်လှန်ရေးခရီးပြီးဆုံးသည်အထိ မမှိတ်မသုန် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှိုးဆော်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။