Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီမှာ ပြည်သူကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ရဲနဲ့ ပျူစောထီးတွေကို မြို့ပြကြွက်တိုက်ခိုက်

ရန်ကုန်မြို့၊ မှော်ဘီမြို့မရဲစခန်းကနေ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့ ကားကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မှော်ဘီမြို့ရဲစခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - မြို့ပြကြွက်

ဖေဖော်ဝါရီ-၁၁၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်မြို့၊ မှော်ဘီမြို့မရဲစခန်းကနေ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့ ကားကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ရဲနဲ့ ပျူတွေ ညတိုင်းအိမ်စီးကားနဲ့ ထွက်ပြီး ပြည်သူတွေကို ပေါ်တာဆွဲတာသတင်းရလို့ စောင့်ပြီးတိုက်ခိုက်တာပါ။လက်လုပ်မိုင်း ၂လုံးနဲ့ အသီးအစစ် ၂လုံးနဲ့ပါ”လို့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ရက် ည ၁၀နာရီလောက်မှာ တိုက်ခိုက်မှုလုပ်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ ရဲ နဲ့ ပျူ စောထီး ၇ ဦးလောက်ပါတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” ကားကိုထိသွားပြီး အထဲမှာပါတဲ့ လူတွေလည်း ထိခိုက်မှုရှိပါတယ်။နေရာနဲ့ အခြေအနေကြောင့် ချက်ချင်းပြန်ဆုတ်လာရလို့ ဘယ်လောက်ထိခိုက်မိလဲဆိုတာတော့‌ သေချာရသေးပါဘူး” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

‌မှော်ဘီမြို့မှာ မနေ့ ဖေဖော်ဝါရီ ၁၀ရက် ညက ပေါက်ကွဲမှုဖြစ်တဲ့ အသံ ၂ကြိမ်ကြားရတယ်လို့ ဒေသခံတစ်ဦးက သတင်းပေးပို့လာကြောင်း Hlaing Info ရဲ့ တယ်လီဂရန်ချန်နယ်မှာ မနေ့ည ၁၀ နာရီခွဲက အသိပေးထားပါတယ်။

မြို့ပြကြွက်အနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးချိန်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီအပါအဝင်သူတို့ရဲ့ လက်ကိုင်တုတ်တွေရဲ့ သတင်းတွေကို ပေးပို့တိုင်တန်းဖို့ တောင်းဆိုထားပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကားတွေသုံးပြီး လူငယ်တွေကို ပေါ်တာ‌ဆွဲတာ ၊ အတင်းအဓမ္မဖမ်းဆီးတာတွေ ပြုလုပ်တဲ့ ဖြစ်စဉ်တွေရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။