Connect with us

Hi, what are you looking for?

သတင်း

ရွှေပေါက္ကံစခန်းက ရဲတွေ တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

(ရွှေပေါက္ကံနယ်မြေရဲစခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - YA)

ဖေဖော်ဝါရီ-၁၂၊၂၀၂၆။သတိုး/ People’s Spring

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ရဲစခန်းကနေ ကင်းပတ်ဖို့အထွက် ကားနဲ့ဆိုင်ကယ်တန်းထွက်လာတုန်းဆော်လိုက်တာပါ။ ရှေ့ထွက်မိုင်းနဲ့ပါ။ ထိခိုက်ဖို့ တစ်ရာရာခိုင်နှုန်းကျိန်းသေပါတယ်”လို့ ၎င်းက ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို ဖေဖော်ဝါရီ ၁၁ရက် ည ၁၁ နာရီကျော်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး Yangon Armyနဲ့ ရန်ကုန်တိုင်း (ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၇) တို့ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဘယ်လောက်ထိလဲတော့ အတိအကျမသိဘူး။တိုက်ခိုက်ပီးတာနဲ့ ချက်ချင်းပြန်ဆုတ်ရတာမို့လိုပါ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Yangon Armyအဖွဲ့အနေနဲ့ စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ တတ်လာသူတွေကိုလည်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

Facebook