Connect with us

Hi, what are you looking for?

သတင်း

အလုပ်ပါမစ်ရှိတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေ CI စာအုပ် လုပ်ရမယ်

ထိုင်းနိုင်ငံမှာ အလုပ်ပါမစ်(Work Permit) ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေကို ဖေဖော်ဝါရီ ၁၇ရက်ကစတင်ပြီး မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်မြို့ကမြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင် ပုစွန်ဈေးမှာ ကိုဗစ်စစ်ဆေးဖို့ တန်းစီနေကြတဲ့ မြန်မာလုပ်သားတွေကို ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ - အေပီ

ဖေဖော်ဝါရီ-၁၃၊၂၀၂၆။သတိုး/People’s Spring

ထိုင်းနိုင်ငံမှာ အလုပ်ပါမစ်(Work Permit) ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေကို ဖေဖော်ဝါရီ ၁၇ရက်ကစတင်ပြီး မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်မြို့ကမြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

စမွတ်ဆာခွန်း၊ စမွတ်ပရာကန် ၊ ဆူရတ်ဌာနီ ၊ ချင်းမိုင်နဲ့ ချွန်ဘူရီတို့မှာ CIထုတ်ပေးမယ့်လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးသွားမှာလို့ ထုတ်ပြန်ထားပါတယ်။

CI လျှောက်ထားလိုသူတွေအနေနဲ့ နီးစပ်ရာ 7- Eleven စတိုးဆိုင်တွေမှာ CI စာအုပ်ဖိုးကုန်ကျစရိတ် ဘတ် ၂၆၇၀ ပေးသွင်းပြီး CI လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်တွေကို တစ်ပါတည်းထည့်သွင်းနိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဝေါ့ပါမစ်က သက်တမ်းတိုးရ စီအိုင်ကလည်း လုပ်ရပြီဆိုတော့ ပန်းရောင်ဘတ်လူဟောင်းတွေ ငွေကုန်ပြီး အလိမ်မခံရဖို့သတိထားပါ”လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီဆောင်ရွက် နေတဲ့ အေအေစီကိုရဲမင်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

“ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ ဘဝက ဒီလထဲ သက်တမ်းတိုးတာစလို့ ငွေကုန်ကြေးကြများ CI စာအုပ်ပါ ဒီလ ၁၇ ရက်ကနေ့ စပြီး ဆက်လုပ်ရမယ်ဆိုတော့”လို့ CDMအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ ၁၄ ရက်တာအပြင်မထွက်တဲ့လှုပ်ရှားမှုဟာ ၄ရက်​မြောက်နေ့အထိ အောင်မြင်နေပြီး ထိုင်းဈေးသည်တွေကိုယ်တိုင် ညည်းတွားနေကြတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း - ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ ဝေဖန်ပြောဆိုတာတွေမလုပ်ကြဖို့ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက သတိပေးပြောကြားလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သား ၃သန်းနီးပါး အထောက်အထားသက်တမ်းတိုးမည့်ကိစ္စတွင် စစ်ကောင်စီဘက်ကစိစစ်ပြုလုပ်မည့် အဆင့် ၂ဆင့်ကို ထိုင်းအစိုးရက ပယ်ဖျက်လိုက်သည်ဟု ကနဦးသတင်းထွက်ပေါ်လာကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသူများက ပြောသည်။

သတင်း

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀လောက် နားခိုနေတဲ့ မဟာချိုင်နယ်မြေက AAC မဟာမိတ်ရုံးကို ပိတ်သိမ်းပေးဖို့ ထိုင်းအာဏာပိုင်တွေက လာရောက်ဖိအားပေးပြောဆိုခဲ့တယ်လို့ အဆိုပါရုံးတည်ထောင်သူ ဦးခိုင်ကြီးက ပြောပါတယ်။

Trending

Facebook