Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ပြည်သူထိခိုက်သေဆုံးရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ် တဖက်ကမ်းရှိ တာလောကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တာလောကြီးကျေးရွာကို စစ်တပ်က ဒီကနေ့ မနက်မှာ ဗုံးကြဲအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N

ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ် တဖက်ကမ်းရှိ တာလောကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားအောက်ဘက် ဧရာ၀တီမြစ်တဖက် ကမ်းရှိ ရှမ်းလူမျိုး အများစုနေထိုင်ရာ စန်းကားနဲ့ တာလောကြီးကျေးရွာကို စစ်တပ်က ဒီကနေ့ မနက်မှာ Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တာလောကြီးရွာဘက် ဗုံးကြဲတိုက်ခိုက်မှုကို ကြားရကြောင်းကချင်သတင်းရင်းမြစ်က ပြောပြီး ထိခိုက်မှု အခြေအနေတွေမသိရသေးဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားသတင်းရင်းမြစ်တဦးကလည်း တာလောကြီးကျေးရွာ စစ်တပ် ဗုံးကြဲမှုမှာ အရပ်သား တစ်ဦး သေဆုံးကာ အများအပြားဒဏ်ရာရတယ်လို့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

ကချင်အမျိုးသမီးအရေးတပ်ကြွလှုပ်ရှားသူဒေါ်နန်ပူကလည်း တာလောကြီးရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တစ်ဦးသေဆုံးပြိး ၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့မှာ ဝိုင်းမော်မြို့နယ် ကိုလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

တာလောကြီးရွာ ဗုံးကြဲတာနဲ့ ဝိုင်းမော်မြို့နယ်ကို လက်နက်ကြီး တိုက်ခိုက်တာတွေဟာ ဖေဖော်ဝါရီ ၁၂ရက်မှာ မြစ်ကြီးနားလေဆိပ် အသေခံဒရုန်း တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်နိုင်တယ်လို့ ကချင်စစ်ရေးသတင်းတွေရေးသားဖော်ပြနေသူတွေက သုံးသပ်ထားပါတယ်။

ဒါ့အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မြစ်ကြီးနား နန့်ပေါင်လေတပ်တွေဟာ ဧရာ၀တီမြစ်ကို မေးတင်ထိုင်ထားတဲ့ တပ်ဖြစ်ပြီး တဖက်ကမ်း ဘက်ကကျေးရွာတွေကို မကြာခဏ ရမ်းသမ်း ပစ်ခတ်လေ့ရှိပြီး အရပ်သား သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းလည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

KIAနဲ့ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေသလို ဗန်းမော်၊ ဖားကန့်၊ အင်းတော်ကြီးဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဖားကန့်မြို့နယ်မှာလည်း လေကြောင်း လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်လျက်ရှိပါတယ်။

(တာလောကြီးကျေးရွာကို စစ်တပ်က ဒီကနေ့ မနက်မှာ ဗုံးကြဲအပြီးတွေ့ရစဉ်။ ဓာတ်ပုံ – Lung Jung LA N)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ဒီနေ့ (အောက်တိုဘာလ ၂ ရက်) မနက်ပိုင်းကရွှေပန်းထိမ်ဆိုင်ကို အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ကျုးလွန်သူလို့စွပ်စွဲခံရသူ အမျိုးသားနဲ့အမျိုးသမီးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံအချို့ဆိကသိရပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

Trending

Facebook