Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယ​မြောက်လက်ထပ်ပွဲ ဆင်နွှဲခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနူတင်

ရွေးကောက်ပွဲမှာ လောလောလတ်လတ် အနိုင်ရထားတဲ့ ထိုင်းအိမ်စောင့် အစိုးရ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူဟာ ကာလရှည် တွဲနေတဲ့ ချစ်သူနဲ့ လက်ထပ်လိုက်ပါတယ်။

ရွေးကောက်ပွဲမှာ လောလောလတ်လတ် အနိုင်ရထားတဲ့ ထိုင်းအိမ်စောင့် အစိုးရ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူဟာ ကာလရှည် တွဲနေတဲ့ ချစ်သူနဲ့ လက်ထပ်လိုက်ပါတယ်။

အနူတင်နဲ့ သာနာနွန် နီရာမစ်တို့ဟာ ချစ်သူများနေ့ မတိုင်ခင် တစ်ရက်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တုန်းက ဘန်ကောက် မြို့တော်မှာရှိတဲ့ အနူတင်ရဲ့ အိမ်မှာ ရင်းနှီးသူတွေ၊ မိသားစုဝင်တွေကို ဖိတ်ကြားပြီး လက်ထပ်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာ လက်မှတ် ရေးထိုးမှုမှာတော့ အစိုးရရဲ့ ထိပ်တန်း အရာရှိ တစ်ဦးက သက်သေအဖြစ် ပါဝင်ကူညီပေးခဲ့ပါတယ်။

အနူတင်အတွက် ဒါဟာ တတိယမြောက် အိမ်ရာထူထောင်ခြင်း ဖြစ်ပါတယ်။ အခမ်းအနားမှာ သူ့ရဲ့ သမီး နိုင်ယာဘက်ခ်၊ သားဖြစ်သူ ဆာရာနီးတို့လည်း ရှိနေခဲ့ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် အွန်ဆစ် ဆမ်ဖွန်သာရတ်က သက်သေတစ်ဦးအဖြစ် မင်္ဂလာ လက်မှတ်ရေးထိုးမှုမှာ ပါဝင်ပေးခဲ့ပါတယ်။ အနူတင်ဟာ ထိုင်းအစိုးရထဲမှာ ဝန်ကြီးချုပ်အပြင် ပြည်ထဲရေး ဝန်ကြီးတာဝန်ကိုပါ တွဲဖက်ယူထားသူ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ ထိုင်းမှာတော့ မင်္ဂလာရှိတဲ့ အောင်ပွဲနေ့ နေ့ထူးနေ့မြတ် တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

အနူတင်က အသက် ၅၉ နှစ်ရှိပြီး သတို့သမီးကတော့ အသက် ၃၉ နှစ်ပါ။ သူတို့နှစ်ဦး တွဲနေတယ် ဆိုတာကို ၂၀၂၂ ခုနှစ်မှာ ပထမဆုံးအကြိမ် လူထုကို အသိပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အရေးပါတဲ့ အခမ်းအနားတွေမှာ နှစ်ဦးအတူတွဲပြီး အကြိမ်ကြိမ် ပွဲတက်ခဲ့ပါတယ်။

သာနာနွန်ရဲ့ မိဘတွေက မော်တော်ကား အစိတ်အပိုင်း ရောင်းဝယ်တဲ့ လုပ်ငန်းကို ထူထောင်ထားပြီး သာနာနွန်ကတော့ ရနောင်းမှာ လူသိများတဲ့ ကော်ဖီဆိုင် လုပ်ငန်း JaJaa Coffeeကို ပိုင်ဆိုင်ပါတယ်။သူ့ရဲ့ စီးပွားရေးကိုအခုအခါ ဘန်ကောက်မှာပါ စတင်ပြီး လုပ်ငန်းချဲ့ထွင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

Trending

Facebook