Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ ဖိတ်ကြားမှုကို ပုပ်ရဟန်းမင်း ငြင်းပယ်

ကုလသမဂ္ဂ (UN)ရဲ့ စင်ပြိုင် အဖွဲ့အစည်း သဘောမျိုး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဦးဆောင် ဖွဲ့စည်းနေတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (BoP)မှာ ပါဝင်ဖို့ ဖိတ်ကြားမှုကို ပုပ်ရဟန်းမင်းကြီးက ငြင်းပယ်ခဲ့ပါတယ်။

ကုလသမဂ္ဂ (UN)ရဲ့ စင်ပြိုင် အဖွဲ့အစည်း သဘောမျိုး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဦးဆောင် ဖွဲ့စည်းနေတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (BoP)မှာ ပါဝင်ဖို့ ဖိတ်ကြားမှုကို ပုပ်ရဟန်းမင်းကြီးက ငြင်းပယ်ခဲ့ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီး စိုးစံရာ ဗာတီကန် မြို့ပြနိုင်ငံရဲ့ ထိပ်တန်း အရာရှိ တစ်ဦးက အမေရိကန် နိုင်ငံသား ပုပ်ရဟန်းမင်း လီယိုရဲ့ BoPနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

ကာဒီနယ် ရဟန်းအမတ် ပီထရို ပါရိုလင်က BoP ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စမှာ သဘောတရားရေးရာ စိုးရိမ်မှုတချို့ ပုပ်ရဟန်းမင်းကြီးဆီမှာ ရှိနေပြီး အဲဒီအတွက် BoPမှာ မပါဝင်လိုဘူးလို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ ဗာတီကန်ရဲ့ သဘောထားကတော့ နိုင်ငံတကာ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ဦးဆောင် တာဝန်ဟာ UNဆီမှာပဲ ရှိသင့်တယ်လို့ ခံယူကြောင်း၊ အဲဒီ အတွေးကိုလည်း ဆက်လက် ဆုပ်ကိုင်ထားမှာဖြစ်ကြောင်း ကာဒီနယ် ပါရိုလင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

BoPဟာ ဂါဇာငြိမ်းချမ်းရေးအတွက် ရည်ရွယ်တဲ့ နိုင်ငံတကာ အစုအဖွဲ့တစ်ခုအဖြစ် ကနဦး အဆင့်မှာ ရည်ရွယ်ခဲ့ပေမယ့် ထရမ့်ကတော့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အင်အားစုကြီး တစ်ခု အနေနဲ့ ဖွဲ့စည်းဖို့ လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်ဟာ UNရဲ့ စံတန်ဖိုးနဲ့လည်း တိုက်ရိုက် တူညီနေတာကြောင့် BoPဟာ UNကို စိန်ခေါ်မယ့် အင်အားစုအဖြစ် ရှုမြင် ခံလာရပါတယ်။

ထရမ့်ဟာ နိုင်ငံတကာ အရေးအခင်းတွေမှာ UNရဲ့ ကူညီဖြေရှင်းနိုင်စွမ်းကို ဝေဖန်ထားဖူးသလို UN လက်အောက်ခံ အေဂျင်စီတွေဆီ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကိုပါ ဖြတ်တောက် လျှော့ချစေခဲ့ပါတယ်။ လေ့လာသူတွေကတော့ BoPဟာ ထရမ့်ရဲ့ နိုင်ငံတကာ ဩဇာ ဖြန့်ကျက်မှုကို ပိုမိုချဲ့ထွင်တဲ့ ခြေလှမ်းတစ်ခုအဖြစ် ယူဆနေကြပါတယ်။ BoPမှာ ထရမ့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်သလို လုပ်ပိုင်ခွင့် ဩဇာ အများအပြားကိုလည်း ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

ထရမ့်က BoPမှာ ပါဝင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားထားပြီး လက်ခံသူတွေ၊ ပါဝင်ဖို့ စဉ်းစားနေသူတွေ၊ ငြင်းဆိုသူတွေ အမျိုးမျိုး ရှိခဲ့ပါတယ်။ တရုတ် အစိုးရကတော့ BoPမှာ ပါဝင်ဖို့ ငြင်းဆိုပြီး UNကသာ ကမ္ဘာ့အရေးကိစ္စတွေကို အဓိက တာဝန်ယူ ဖြေရှင်းတဲ့ အစုအဖွဲ့အဖြစ် ဆက်ရှိသင့်ကြောင်း သဘောထား မှတ်ချက် ပေးထားပါတယ်။ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် ဥရောပ နိုင်ငံတချို့ကလည်း BoPမှာ ပါဝင်မှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။

ထရမ့်ကတော့ BoP အဖွဲ့ဝင် ဖြစ်လာမယ့် နိုင်ငံတွေဆီက စစ်ပြီးခေတ် ဂါဇာ ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ ၅ ဘီလီယံထိ ထည့်ဝင်မယ့် ကတိတွေ ရရှိထားကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား: Independent

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ