Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပ်စတိန်း အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး ဗြိတိန် တော်ဝင်မင်းသားဟောင်း အန်ဒရူး အဖမ်းခံရ

ဗြိတိန် တော်ဝင် မိသားစုရဲ့ မင်းသားဟောင်း၊ ချားလ်စ်ဘုရင်ရဲ့ ညီတော် အန်ဒရူး မောင့်ဘက်တန် ဝင်ဆာဟာ အပ်စတိန်း အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံလိုက်ရပါတယ်။

ဗြိတိန် တော်ဝင် မိသားစုရဲ့ မင်းသားဟောင်း၊ ချားလ်စ်ဘုရင်ရဲ့ ညီတော် အန်ဒရူး မောင့်ဘက်တန် ဝင်ဆာဟာ အပ်စတိန်း အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံလိုက်ရပါတယ်။

သေဆုံးသွားပြီဖြစ်တဲ့ အမေရိကန် သက်ငယ်မုဒိမ်းနဲ့ လူမှောင်ခို တရားခံဟောင်း ဂျက်ဖရီ အပ်စတိန်းနဲ့ ရှုပ်ထွေးတဲ့ ဆက်စပ်မှုတွေ ရှိနေကြောင်း စွပ်စွဲမှုအတွက် အင်ဒရူးကို သူ့ရဲ့ အသက် ၆၆ နှစ်ပြည့်မွေးနေ့၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဗြိတိန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သိမ်းစ်ဗယ်လီ ရဲတပ်ဖွဲ့ဟာ ဆန်ဒရင်ဂမ်မှာရှိတဲ့ အန်ဒရူးရဲ့ နေအိမ်ကို ဝင်ရောက်ပြီး အခု ဖမ်းဆီးမှုကို လုပ်ဆောင်ခဲ့တာပါ။ မျက်မြင်တွေရဲ့ အဆိုအရ အမှတ်အသား မပါတဲ့ ရဲကားတွေဟာ အိမ်ကို ပတ်လည်ဝိုင်းလိုက်ပြီး ရဲတွေက အန်ဒရူးကို ဝင်ရောက် ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးတော့ ဝင်ဆာရဲတိုက် ဝင်းထဲက အန်ဒရူးရဲ့ အရင်က မင်းသားအဆောင်အယောင်နဲ့ အိမ်တော်မှာလည်း ရဲတွေ ရောက်ရှိနေခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တော်ဝင်မင်းသား ဂုဏ်ပုဒ်နဲ့ တခြား အဆောင်အယောင်တွေကို ချားလ်စ်ဘုရင်က ပယ်နုတ် ရုပ်သိမ်းတာကို ကြုံတွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အခုဖမ်းဆီးမှုက အန်ဒရူးဟာ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေအတွင်း ဗြိတိန်ရဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ချိန်မှာ အရေးပါတဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖြစ်ပါတယ်။ ရဲတွေဟာ အခုဖမ်းဆီးမှု မတိုင်ခင်မှာ ချားလ်စ်ဘုရင်နဲ့ တခြား တော်ဝင် မိသားစုတွေကို ကြိုတင် အကြောင်းမကြားခဲ့ဘူးလို့ ယုံကြည်ရပါတယ်။

ချားလ်စ်ဘုရင်က လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ဥပဒေအတိုင်း နည်းမှန်လမ်းမှန် ဆက်လုပ်ဖို့လိုကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ချားလ်စ်ကို ဖမ်းဆီးမှုနဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို တော်ဝင်မိသားစုက သဘောတူတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ခေတ်သစ် ဗြိတိန်သမိုင်းမှာတော့ တော်ဝင်မိသားစုဝင် တစ်ယောက်ကို အခုလိုမျိုး ဖမ်းဆီးမှုဟာ ပထမဆုံး အကြိမ်လို့လည်း သိရပါတယ်။

သိမ်းစ်ဗယ်လီ ရဲတပ်ဖွဲ့ကတော့ အစိုးရရာထူး တာဝန်ယူထားချိန်မှာ မလျော်မကန် ပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။ ဘာ့ခ်ရှိုင်းယားနဲ့ နော်ဖော့ခ်က နေရာတချို့မှာလည်း ရဲတွေက ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အခုဖမ်းဆီးမှုဟာ အန်ဒရူးနဲ့ အပ်စတိန်း ဖိုင်တွေ ဆက်စပ်မှုနဲ့လည်း တိုက်ရိုက် ပတ်သက်ဖွယ် ရှိပါတယ်။ အပ်စတိန်း ဖိုင်တွေဆိုတာ အပ်စတိန်းရဲ့ အမှုကို စုံစမ်းစစ်ဆေးထားတဲ့ နောက်ခံ အကြောင်းအရာတွေ၊ တရားရုံး စစ်ချက်တွေ စုစည်းထားတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပါတယ်။ အဲဒီဖိုင်တွေထဲမှာတော့ အန်ဒရူးက ကြမ်းပြင်ပေါ် လဲလျောင်းနေတဲ့ မိန်းကလေး တစ်ဦးအပေါ်မှာ လေးဖက်ထောက်လျက် ရှိနေတဲ့ ဓာတ်ပုံမျိုးလည်း ပါဝင်ခဲ့ပါတယ်။

အပ်စတိန်းဖိုင်တွေနဲ့ အန်ဒရူးကြား ဆက်စပ်မှုတွေ ပေါ်ပေါက်လာတဲ့နောက် ဗြိတိန်ဝန်ကြီးချုပ် ဆာကီရာ စတာမာက ဥပဒေအထက်မှာ ဘယ်သူမှ မရှိနိုင်ကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။ အန်ဒရူးရဲ့ မင်းသားဘွဲ့ကို ရုပ်သိမ်းထားပြီးတဲ့တိုင်အောင် သူအဖမ်းခံရတဲ့ ကိစ္စဟာ ဗြိတိန် တော်ဝင်မိသားစု အတွက်လည်း မျက်နှာပျက်စရာ ဖြစ်လာပါတယ်။ ရဲတွေကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် အတောအတွင်း အန်ဒရူးကို ဆက်လက် ချုပ်နှောင် ဖမ်းဆီးထားမယ်လို့လည်း ပြောကြားထားပါတယ်။

ကိုးကား: Guardian

ဓာတ်ပုံ – BAVMEDIA, AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သက်ငယ် မုဒိမ်းမှုနဲ့ လူမှောင်ခိုမှု တရားခံ ဂျက်ဖရီ အပ်စတိန်းနဲ့ သူနဲ့ကြားမှာ ဘာပတ်သက် ဆက်နွှယ်မှုမှ မရှိဘူးလို့ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျူလီယန် အပ်စတိန်းရဲ့ အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး လွှတ်တော်ရဲ့ စစ်ဆေးကြားနာမှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ သမ္မတ ကတော်ဟောင်း ဟီလာရီ ကလင်တန်က ခံယူခဲ့ပါတယ်။

နိုင်ငံတကာ

အငြင်းပွားစရာတွေ ဖြစ်ပေါ်စေခဲ့တဲ့ အပ်စတိန်းဖိုင်ပေါင်း အရေအတွက် သန်းနဲ့ချီပြီး အမေရိကန် တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ အပ်စတိန်း ဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အမိန့်ထုတ်ပေးခဲ့တဲ့နောက်ပိုင်း အရေအတွက် အများဆုံး ထုတ်ပြန်မှုလည်း ဖြစ်လာပါတယ်။

နိုင်ငံတကာ

အပ်စတိန်းဖိုင်တွေကို ထုတ်ပြန်ပေးနေတဲ့ အမေရိကန် တရားရေး ဝန်ကြီးဌာနပိုင် ဝက်ဘ်ဆိုက်ကနေ ဓာတ်ပုံ တစ်ဒါဇင်ကျော်လောက်ကို ပြန်ဖယ်ရှားသွားတယ်လို့ သိရပါတယ်။