Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်တပ်က ဆီသယ်ယာဉ်တစ်စီး ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ−၂၂၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၁ရက် ည ၈ နာရီ မိနစ် ၄ဝခန့်က မုံရွာမြို့၊ သာစည်ဘုရားမုခ်ပေါက်အနီးလမ်းမှားဝင်လာမိတဲ့ ဆီသယ်ကားတစ်စီးကို ဘုရားအနီးမှာရှိတဲ့ သာစည်ထောင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ယာဉ်မောင်းသေဆုံးခဲ့တာဖြစ်ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ပြောပါတယ်။

“ပေါက်ငယ်တောက‌နေ မြောက်သွားရမှာကို သူက တောင်သွားတော့ သာစည်ဘုရားဘက် ရောက်သွားတာ ထောင်နားပါပဲ ပြောရရင်ဟိုက ပစ်ရော။ အဲ့ဘက်လမ်းတွေက သွားနေကြသူတွေ‌တောင် လမ်းမှားတယ်လို့ ပြောတယ်။ ကားအသင်းက စောင့်ဖို့ ပြောတာကို သူက အရင်သွားတော့ အဖွဲ့နဲ့ ကွဲသွားတာလို့ ကားသမားတွေက ပြောတယ်။”လို့ အထက်ပါအဖွဲ့ တာဝန် ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၀ရက် ညနေ ၆နာရီခန့်ကလည်း မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်၊ စစ်ကောင်စီတပ်စွဲရာ ကံသာဘုန်းကြီးကျောင်းအနီးမှာ အသက် ၂၀နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့ပြီး တစ်ရက်အကြာမှ အလောင်းလာကောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်ဟာ မကြာခဏ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေပြီး လူငယ်လူရွယ်တွေ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း မုံရွာမြို့၊ သာစည်လမ်း၊ ပညာရေးတက္ကသိုလ် (TTC)အနီးမှာ အိမ်စီးကားတစ်စီးကို စစ်တပ်က လိုက်လံပစ်ခတ်ရာ အမှိုက် ပုံအနီးက အမှိုက်ကောက်တဲ့ကလေးတစ်ဦး၊ သုံးဘီးသမားတစ်ဦးအပါအဝင်ပြည်သူ ၄ ဦးခန့် သေဆုံးခဲ့ကြောင်း မြို့ခံတွေကပြောပါတယ်။

ဓာတ်ပုံ – ဝီကီ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။