Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်တပ်က ဆီသယ်ယာဉ်တစ်စီး ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ−၂၂၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၁ရက် ည ၈ နာရီ မိနစ် ၄ဝခန့်က မုံရွာမြို့၊ သာစည်ဘုရားမုခ်ပေါက်အနီးလမ်းမှားဝင်လာမိတဲ့ ဆီသယ်ကားတစ်စီးကို ဘုရားအနီးမှာရှိတဲ့ သာစည်ထောင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ယာဉ်မောင်းသေဆုံးခဲ့တာဖြစ်ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ပြောပါတယ်။

“ပေါက်ငယ်တောက‌နေ မြောက်သွားရမှာကို သူက တောင်သွားတော့ သာစည်ဘုရားဘက် ရောက်သွားတာ ထောင်နားပါပဲ ပြောရရင်ဟိုက ပစ်ရော။ အဲ့ဘက်လမ်းတွေက သွားနေကြသူတွေ‌တောင် လမ်းမှားတယ်လို့ ပြောတယ်။ ကားအသင်းက စောင့်ဖို့ ပြောတာကို သူက အရင်သွားတော့ အဖွဲ့နဲ့ ကွဲသွားတာလို့ ကားသမားတွေက ပြောတယ်။”လို့ အထက်ပါအဖွဲ့ တာဝန် ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၀ရက် ညနေ ၆နာရီခန့်ကလည်း မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်၊ စစ်ကောင်စီတပ်စွဲရာ ကံသာဘုန်းကြီးကျောင်းအနီးမှာ အသက် ၂၀နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့ပြီး တစ်ရက်အကြာမှ အလောင်းလာကောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်ဟာ မကြာခဏ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေပြီး လူငယ်လူရွယ်တွေ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း မုံရွာမြို့၊ သာစည်လမ်း၊ ပညာရေးတက္ကသိုလ် (TTC)အနီးမှာ အိမ်စီးကားတစ်စီးကို စစ်တပ်က လိုက်လံပစ်ခတ်ရာ အမှိုက် ပုံအနီးက အမှိုက်ကောက်တဲ့ကလေးတစ်ဦး၊ သုံးဘီးသမားတစ်ဦးအပါအဝင်ပြည်သူ ၄ ဦးခန့် သေဆုံးခဲ့ကြောင်း မြို့ခံတွေကပြောပါတယ်။

ဓာတ်ပုံ – ဝီကီ

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။