Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့ဦးတည်ပြီး စစ်တပ်စစ်ကြောင်းဆက်တိုး၊ တိုက်ပွဲဆက်ပြင်းထန်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က တကောင်းမြို့ဘက်ကိုဦးတည် စစ်ကြောင်းဆက်တိုက်ထိုးနေပြီး ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် အရပ်သား သေဆုံးမှု တွေပါရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းကို PDFများတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ ဓါတ်ပုံ- TBK)

ဖေဖော်ဝါရီ၂၅၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က တကောင်းမြို့ဘက်ကိုဦးတည် စစ်ကြောင်းဆက်တိုက်ထိုးနေပြီး ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် အရပ်သား သေဆုံးမှု တွေပါရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်ကတည်းက တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်း ကျောင်း (တတက-၁၃)ကနေ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဆက်တိုက်ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၆ရက်မှာ ကြာညှပ်ရွာနဲ့ (၃)မိုင်အကွာက သီးကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေ ပြန်သိမ်းသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲက ပြင်းပြင်းထန်ထန်ကိုဖြစ်နေတာ။နေ့တိုင်းဖြစ်တယ်။စကစက တ ကောင်းကို ဆက်တိုက်ထိုးစစ်ဆင် နေတာ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သီးကုန်းကျေးရွာဟာ တကောင်းမြို့နဲ့ မိုင်၂၀ခန့် ဝေးတယ်လို့ သိရပါတယ်။သီးကုန်းရွာမှာ ယခင်က တော်လှန်ရေးအထိုင်စခန်းရှိပြီး စစ်အုပ်စုဘက်က တော့ သီးကုန်းကို သိမ်းနိုင်ကြောင်း အောင်ပွဲခံ သတင်းဖြန့်ထားပါတယ်။

သီးကုန်းရွာက နေမြောက်ဘက် (၃)မိုင်အကွာမှာ ကြာညှပ်ရွာရှိပြီး ဒီရွာကိုပဲ စစ်တပ်ကဦးတည်စစ် ကြောင်းထိုးနေ ပြီလို့သိရပါတယ်။

ကြာညှပ်ရွာနဲ့ တကောင်းမြို့ဟာ (၁၇)မိုင်ခန့် ဝေးတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲတွင်းမှာ အသေခံဒရုန်းအဆမတန် အသုံးပြုကာ ဗုံးကြဲ နေပြီး အရပ်သား သေဆုံးမှု�တွေလည်းရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

ဒီတိုက်ပွဲကို မန္တလေးခရိုင်တပ်ရင်း တွေ၊ဒေသခံပကဖတပ်တွေ၊ကျောက်ဆည်ခရိုင်တပ်ရင်း တွေ စုပေါင်းခုခံတိုက်ခိုက် နေကြတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။