Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲမှာ စစ်တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ် ဗန်းမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦး​ဆောင်တဲ့ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိရာ အခုရက်ပိုင်းအတွင်းမှာစစ်တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်က ထပ်မံ သိမ်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

(ဗန်း​မော်မြို့သိမ်းတိုက်ပွဲက ​​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို ၂၀၂၅ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-screen grab)

ဖေဖော်ဝါရီ-၂၇၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦး​ဆောင်တဲ့ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိရာ အခုရက်ပိုင်းအတွင်းမှာစစ်တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်က ထပ်မံ သိမ်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ရက်ကဗန်းမော်ခလရ(၂၃၆) ကာကင်းစခန်း ၁ခုကို KIA ဘက်က သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် အခြားစစ်တပ်တပ်စွဲရာနေရာအချို့ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တာလို့စစ်​ရေးသတင်းရင်းမြစ်အချ်ု့က​ပြောပါတယ်။.

“နေရာသစ်ရတာ မဟုတ်ဘူး။မနှစ်ကငါတို့ ဆုတ်ခွာ ပေးလိုက်ရတဲ့ နေရာကို ပြန်ရတာ။တိုက်ပွဲက နေ့တိုင်းရှိတယ်” လို့ကချင်စစ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဖေဖော်ဝါရီ ၂၅၊ ၂၆ရက်နေ့ တိုက်ပွဲတွေမှာ အောင်မြင်မှုအချို့ရခဲ့တာ ဟုတ်တယ်လို့ပြောပါတယ်။

ဗန်းမော်တိုက်ပွဲမှာ KIAနဲ့ အတူ AA၊ KPDF တို့ ပါဝင်ဖော်ဆောင်နေတဲ့ စစ်မျက်နှာမှာ အောင်မြင်မှုတွေ ထပ်ရခဲ့ပြီး လက်နက်ခဲယမ်း သိမ်းရတာ ရှိတယ်ဆိုတဲ့ 7Stars News ကလည်း ဖော်ပြထားရာ အဲဒီ အချက်အလက်တွေ အတည်ပြုရတယ်လို့ စစ်ရေးသတင်းရင်းမြစ်​တွေကပြောပါတယ်။

KIA ပူးပေါင်းတပ်ရဲ့ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဟာ ၂၀၂၄ ဒီဇင်ဘာလဆန်းက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ၁နှစ်နဲ့ သုံးလနီးပါး ကြာပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။