Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၃ နယ်မြေကို စစ်တပ်က လေကြောင်းသုံး စစ်ကြောင်းထိုး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်ကို စစ်တပ်က လေကြောင်းပါသုံးပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ် တိုက်ခိုက်ရေး လေယာဉ်။ ဓာတ်ပုံ - Cobra Column

မတ်-၆၊ ၂၀၂၆။ ဒလပန်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်ကို စစ်တပ်က လေကြောင်းပါသုံးပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၅ ရက် မနေ့ မနက် ၇ နာရီကစပြီး စစ်တပ်က ညောင်လေးပင်မြို့နယ်ကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

“ရေတွင်းကုန်း၊ ကျောင်းကုန်းဘက်ကို စထိုးတာ၊ မြေပြင်ကော လေကြောင်းကော ဒရုန်းတွေပါ ပစ်ပြီးထိုးတာ“လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကြောင်းထိုးနေတဲ့နေရာအနီးဝန်းကျင်ကိုလည်း ပိန်းဇလုတ်မြို့အခြေစိုက် ခမရ-၂၆၄ တပ်ရင်း၊ ပဲနွယ်ကုန်းမြို့ ၊ ရွှေဝါကျေးရွာအခြေစိုက် ခမရ-၃၀၇ တပ်ရင်းနဲ့ ကျောက်တံခါးမြို့မှာ တပ်စွဲထားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့လည်းသိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်တပ်က ညောင်လေးပင်မြို့နယ်ကို မြေပြင်၊ လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်စစ်ကြောင်းထိုးလာတာကြောင့် ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ခရုကုန်း၊ အင်ကုန်း၊ ကျေးရွာအပါအဝင် ကျေးရွာ ၉ ရွာက ဒေသခံ ထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook