Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစုအဖွဲ့ဝင် ရဲဘော်တွေကို AA စစ်သင်တန်းပေး

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။

သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။

သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ စစ်သည်တော်ကျင့်ဝတ်နဲ့ စစ်စည်းကမ်းတွေကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ယောတပ်တော်(YA)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway – PDF) နဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)တို့က သင်တန်းသားတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သင်တန်းဆင်းပွဲအခမ်းအနားမှာ SRAတပ်ဖွဲ့ဝင် တပ်မှူးများ၊ မဟာမိတ်တော်လှန်ရေးတပ်များမှ တပ်မှူးများ၊ ဒေသတွင်း ရပ်မိရပ်ဖများနဲ့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များကို ဂုဏ်ပြုအားပေးစကားပြောကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးနဲ့ ပြည်သူလူထုလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုအား၊ ညီညွတ်မှုအားနဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

SRAဟာ နိုင်ငံတဝန်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ် ၁၉ဖွဲ့နဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စုဖွဲ့ခဲ့တာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ကွပ်ကဲမှု အောက်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့လည်းစစ်ရေးပူးပေါင်းဆောင်ရွက်မယ်လို့ အသိပေးထားပြီး NUGနဲ့ SRAအကြားဆွေးနွေးမှုတွေလည်း စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

ဓာတ်ပုံ – SRA

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။