Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကရခိုင်မှာ စစ်သုံ့ပန်းစစ်သားနဲ့မိသားစုဝင်​တွေကိုဗုံးကြဲသတ်တာ ၂၂၀​ကျော်ပြီ

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်မှာ စစ်ရှုံးပြီး​တော့ အာက္ခတပ်​တော်(AA)ကဖမ်းဆီးထားတဲ့စစ်တပ်မှဗိုလ်ချုပ်မှတပ်သားအထိ့စစ်သုံ့ပန်း​တွေ၊စစ်သုံ့ပန်း မိသားစုဝင်​တွေ ထားတဲ့​နေရာ​တွေ ၊အကျဥ်းစခန်း​တွေကို ဦးတည်းပစ်မှတ်ထားဗုံးကြဲတာ​ကြောင့် ​သေဆုံးစစ်သားနဲ့ မိသားစုဝင် အနည်းဆုံး၂၂၆ ဦးထိရှိလာပြီဖြစ်ပါတယ် ။ ဒါ့အပြင်အနည်းဆုံး ၉၃ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒါက People’s Spring စု​ဆောင်းထားတဲ့အချက်အလက်​တွေအရပဲဖြစ်ပြီး ကျန်ခဲ့တဲ့ဖြစ်ရပ်​တွေလည်းရှိနိုင်ပါ​သေးတယ်။

မတ်-၁၁၊၂၀၂၆။People’s Spring

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်မှာ စစ်ရှုံးပြီး​တော့ အာက္ခတပ်​တော်(AA)ကဖမ်းဆီးထားတဲ့စစ်တပ်မှဗိုလ်ချုပ်မှတပ်သားအထိ့စစ်သုံ့ပန်း​တွေ၊စစ်သုံ့ပန်း မိသားစုဝင်​တွေ ထားတဲ့​နေရာ​တွေ ၊အကျဥ်းစခန်း​တွေကို ဦးတည်းပစ်မှတ်ထားဗုံးကြဲတာ​ကြောင့် ​သေဆုံးစစ်သားနဲ့ မိသားစုဝင် အနည်းဆုံး၂၂၆ ဦးထိရှိလာပြီဖြစ်ပါတယ် ။ ဒါ့အပြင်အနည်းဆုံး ၉၃ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒါက People’s Spring စု​ဆောင်းထားတဲ့အချက်အလက်​တွေအရပဲဖြစ်ပြီး ကျန်ခဲ့တဲ့ဖြစ်ရပ်​တွေလည်းရှိနိုင်ပါ​သေးတယ်။

၂၀၂၄ စက်တင်ဘာ ၉ ရက်မှာ ​ပေါက်​တောမြို့နယ်ရှင်ရွာ ၊ ၂၀၂၄ စက်တင်ဘာ ၉ ရက်မှာပဲ ​မောင်​တောမြို့ ရဲတပ်ရင်း နခခ(၂) ၊ ၂၀၂၅ ဇန်နဝါရီ ၁၈ ​မြောက်ဦးမြို့နယ် ရမ်း​ချောင်းရွာ ၊၂၀၂၅ ဇန်နဝါရီ ၂၀ ​ကျောက်​တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ​ချောင်းတူရွာ ၊ ၂၀၂၅ ​ဖေ​ဖော်ဝါရီ ၂၈ ​မောင်​တောမြို့နယ် နယ်ခြား​စောင့်တပ်ရင်းနဲ့ ၂၀၂၆ မတ် ၈ ရက် အမ်းမြို့နယ် ဒါးလက်​ချောင်းစတဲ့​နေရာ​တွေက AAဖမ်းထားတဲ့ စစ်သုံ့ပန်းစစ်သားနဲ့ စစ်သားမိသားစုဝင်​တွေထားတဲ့အချုပ်ခန်းနဲ့ နေရာ​တွေကိုဗုံးကြဲသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ စစ်သားအချင်းချင်းဗုံးကြဲသတ်ဖြတ်တာ​တွေမှာ ဒါးလက်​ချောင်းက အကျဥ်းစခန်းကိုဗုံးကြတ်သတ်ဖြတ်မှုက​သေဆုံး ၊ဒဏ်ရာရသူအများဆုံးဖြစ်ပါတယ် ။

စစ်တပ်ကအကြိမ်ကြိမ်ကင်း​ထောက်ပြီးမှ ဗုံးကြဲတာမို့ စစ်သုံ့ပန်းစစ်သား​တွေ ၊မိသားစုဝင်​တွေမှန်းသိသိနဲ့ ဗုံးကြဲသတ်တာလို့ စစ်သုံ့ပန်း​စစ်သားတွေက ​ပြောကြပါတယ် ။ ဒါ​ကြောင့် စစ်သုံ့ပန်းမဖြစ်ခင်ကလည်းစစ်တပ်အတွက်စစ်တိုက်ခဲ့ရပြီး အဖမ်းခံထားရချိန်မှာ ​လေယာဥ်နဲ့လာပြီး ဗုံးကြဲသတ်တဲ့အတွက်စစ်တပ်ကိုစိတ်နာတယ်လို့ မီဒီယာ​တွေနဲ့အင်တာဗျူးမှာ​ပြောကြပါတယ်။

Public Service Announcement

Public Service Announcement

အာရက္ခတပ်​တော်က ရခိုင်ပြည်နယ်မှာစစ်​တွေ၊​ကျောက်ဖြူ ၊ပုဏ္ဏားကျွန်းမြို့နယ်မှအပကျန် ၁၄ မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ​တွေမှာစစ်သုံ့ပန်း​ထောင်​ပေါင်းများစွာကိုဖမ်းဆီးထားတာဖြစ်ပါတယ်။အဲဒီထဲက အချို့ကိုပြန်လွှတ်​ပေးတာ​တွေလည်းရှိပါတယ်။

စစ်တပ်က အလားတူ စစ်ကိုင်းတိုင်း ၊ရှမ်း​မြောက် ၊မန္တ​လေးတိုင်းစတဲ့​ဒေသ​တွေမှာ စစ်သုံ့ပန်းစစ်သား​တွေထားတဲ့​နေရာ​တွေကို ဗုံးကြဲခဲ့ဖူးပါတယ်။

People’s Spring Infographic

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။