Connect with us

Hi, what are you looking for?

သတင်း

TNLA နဲ့ MNDAA ကွတ်ခိုင်မှာတိုက်ပွဲဆက်ဖြစ်

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့မတ်လ၁၅ရက်မနက်မှာလည်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ဟု ဒေသ ခံသတင်းရင်းမြစ်က ပြောပါတယ်။

(ကွတ်ခိုင်မြို့ အနီး MNDAA တပ်ဖွဲ့ဝင်​တွေကိုမတ်လ ၁၄ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ)

မတ်-၁၅၊၂၀၂၆။အိမ်သွင်၊ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့မတ်လ၁၅ရက်မနက်မှာလည်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ဟု ဒေသ ခံသတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ရက်မှာ ကွတ်ခိုင်မြို့မှာ ဖြစ်ခဲ့တဲ့ မဟာမိတ်အချင်းချင်းအကြား နယ်မြေဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာကို ဆွေးနွေးဖြေရှင်းနိုင်ခြင်းမရှိဘဲ တလအကြာ မတ်လ ၁၄ရက်မှာ MNDAAကကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

“မနေ့က နေ့လည်ခဏနားပြီး ညနေက ပြန်စဖြစ်တာ အခုထိ ဖြစ်နေတုန်းပါ။ ပြန်ပြေလည်ဖို့က လောလောဆယ်တော့ ပြောရခက်နေတုန်းပဲဗျ။ တိုက်ပွဲကလည်းမရပ်သေးတော့လေ။ TNLA ဘက်ကတော့ တောက်လျှောက် တွေ့ဆုံဆွေးနွေးဖို့ ပြောပေမယ့် သူတို့ဘက်က လက်မခံတော့ အဆင်မပြေတာ” လို့ဒေသသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ ဒုတိယနေ့ ရုပ်သံမှတ်တမ်းအချို့လည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာမှာသေနတ်သံတွေ ကြားနေရပြီး ဒရုန်း အသုံးပြု တိုက်ခိုက်မှုတွေလည်းရှိနေဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်​မြောက်ပိုင်းသတင်း​တွေအဓိကဖော်ပြ​ပေး​နေတဲ့ ​ရွှေဖီ​မြေသတင်းဌာနက ဒီက​နေ့မနက်ပိုင်းမှာ MNDAAက ကွတ်ခိုင်ဗျူဟာကို အဓိကတိုက်ခိုက်​နေပြီး တိုက်ပွဲ​တွေပြင်းထန်​နေတယ်လို့​ဖော်ပြထားပါတယ် ။

တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်းကိုTNLAနဲ့ MNDAA တို့ထုတ်ပြန်တာမှာနှစ်ဖက်အပြန်အလှန်စွပ်စွဲထားပါတယ်။

မတ်လ ၁၄ရက်​နေ့တိုက်ပွဲမှာ ဒရုန်းတိုက်ခိုက်မှုအချို့ကြောင့် ဒေသခံတွေ ဒဏ်ရာရရှိခဲ့ပါတယ်။

မတ် ၁၄ ရက်က ကွတ်ခိုင်မှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ညီနောင်မဟာမိတ်(၃)ဖွဲ ပူးပေါင်းအုပ်ချုပ်ရေးဒေသရှိ မူဆယ် (၁၀၅)မိုင်ဒေသနဲ့ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်တို့က TNLA တပ်ဖွဲဝင် ၄၇ ဦးကို MNDAAကဖမ်းပြီး လက်နက်တွေ သိမ်းထားတာ ရှိတယ်လို့လည်း TNLA ဘက်က အသိပေးထားပါတယ်။

မဟာမိတ်အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကတိုက်ပွဲတွေချက်ချင်း ရပ်တန့်ပြီး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဆွေးနွေးကြဖို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။