Connect with us

Hi, what are you looking for?

သတင်း

သဖန်းဆိပ်ဆည်မှ တပိုင်တနိုင်​ရွှေ​မျှော​တွေကိုစစ်တပ်ဗုံးကြဲပြည်သူ ၁၃ဦးထက်မနည်း​သေဆုံး၊ ဒဏ်ရာပြင်းထန်သူ ၊​ပျောက်ဆုံး​နေသူများလည်းရှိ

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေတူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတာ​ကြောင့် ဒေသခံပြည်သူ ၁၃ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။

စစ်တပ်က ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်ထဲကတပိုင်တနိုင်​ရွှေ​မျော​တွေကိုဗုံးကြဲပြီး​နောက်မီး​လောင်ကျွမ်းပျက်စီး​နေစဥ်။ဓါတ်ပုံ-Infinity Group

မတ်-၁၉၊၂၀၂၆။အိမ်သွင်/People’s Spring

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေတူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတာ​ကြောင့် ဒေသခံပြည်သူ ၁၃ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။

သဖန်းဆိပ်ဆည်ထဲကရွှေမျောတွေကို မတ်လ ၁၅ ရက် ညနေ ၃ နာရီခန့်မှာ စစ်တပ်ကဂျက်ဖိုက်တာ ၂ စီးနဲ့ဗုံးကြဲပြီး ၊ လက်နက်ကြီးတွေနဲ့ပါပစ်ခတ်သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“လေကြောင်းသတင်းရရုံပဲရှိသေးတယ် ပစ်တာ။ သူတို့ပြစ်တဲ့နေရာကတပိုင်တနိုင် ရွှေရှာတဲ့နေရာတွေ။ စစ်တပ်သတင်းပေးတွေက အမှားတွေပြောတာကို အမှန်ထင်ပြီး ကြဲသွားတာ”လို့ ​ဒေသခံတဦးကပြောပါတယ်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်နဲ့ အ​ကောင့်​တွေက ​ကျွန်းလှမြို့နယ်ထဲကရွှေ​မျော​တွေက​နေ PDF ​တွေအခွန်​​ငွေ​တွေရတယ်ဆိုပြီး ဗုံးကြဲဖို့ ဆက်တိုက်လှုံ့​ဆော်တာကိုသူကရည်ညွှန်း​ပြောကြားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုအတွင်း မတ်လ ၁၅ရက်ညနေအထိပြည်သူ ၃ဦးသေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရခဲ့ကာ မတ်လ ၁၆ရက်မှာတော့ သေဆုံးသူဦးရေထပ်တိုးလာတာလို့ သိရပါတယ်။

“ဗုံးကြဲပြီး ရော့ကတ်ပါပစ်တော့ဘယ်ခံနိုင်မလဲဗျာ။ ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရထားတာ။ ထပ်ပြီးသေဆုံးတာက ၁၀ ဦး။ ဒါတောင် ရုပ်အလောင်း ပျောက်နေသူတွေလည်းရှိတယ်။ ဆေးကုဖို့ရောစာရင်းလုပ်ဖို့ရောမလွယ်ဘူး”လို့ ကျွန်းလှမြို့ခံတဦးက People’s Spring ကိုပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရတွေဟာ အမျိုးသားအများစုဖြစ်ပြီး အမျိုးသမီးအချို့လည်းပါဝင်တယ်လို့ ပြောပါတယ်။

စစ်တပ်က အဆိုပါလေကြောင်းတိုက်ခိုက်မှုကိုဟုမ္မလင်းလေတပ်ကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၁၅ရက်နောက်ပိုင်းမှာလည်း မတ်လ ၁၉ရက်မနက်ပိုင်းအထိ ကျွန်းလှနဲ့တန့်ဆည်မြို့နယ်ထဲကို ဟုမ္မလင်း လေတပ်တက် ဂျက်ဖိုက်တာတွေနဲ့ ၄ကြိမ်ဗုံးထပ်မံကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျွန်းလှနဲ့ တန့်ဆည်အပါအဝင် စစ်ကိုင်းတိုင်းထဲက မော်လူး၊ဗန်းမောက်၊အင်းတော်၊ဝန်းသို၊ကောလင်း၊ပင်လည်ဘူး၊ဖောင်းပြင်၊မော်လိုက်၊ ခမ်းပါတ်နဲ့တမူးမြို့နယ်တွေကို ဗုံးကြဲဖို့အတွက် စစ်‌တပ်က ဟုမ္မလင်းလေတပ်ကိုအများဆုံးအသုံးပြုနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်း အန္တရာယ်ကိုအထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးထားပါတယ်။

“ဟုမ္မလင်းလေတပ်ကနေတက်လာတာတွေက သတိပေးချိန်နည်းပါတယ်။ဒါကြောင့် ပြည်သူတွေအနေနဲ့က ဝေဟင်သတင်းတွေ ပိုပြီးနားစွင့်နေဖို့‌ ပြောလိုပါတယ်” လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring ကိုပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်