Connect with us

Hi, what are you looking for?

News

မြန်မာစစ်ကောင်စီနှင့်ဆက်နွှယ်သည့်လုပ်ငန်း ၄ ခုကို ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တို့ ပူးပေါင်းဒဏ်ခတ်

ကနေဒါသည် စိတ်သဘောထားတူသည့် ဗြိတိန်နှင့် အမေရိကန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမှုများကို ကြိုဆိုလိုက်ပြီး မြန်မာ့အရေးကိုဖြေရှင်းရန် ဘုံစိုးရိမ်ချက်များ၊ ဘုံတန်ဖိုးများမြှင့်တင်ခြင်းနှင့်အတူတကွအရေးယူဆောင် ရွက်ခြင်းများ ထုတ်ဖော်ပြောဆိုသည်။

–စစ်တပ်ကို နောက်ထပ်အရေးယူမှုများ လုပ်ဆောင်ရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု က​နေဒါ​ပြော

ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တို့ပူးပေါင်းကာ မြန်မာစစ်ကောင်စီနှင့်ဆက်နွှယ်သည့်လုပ်ငန်း ၄ ခုကို ဒဏ်ခတ်အရေးယူမှု ထပ်မံချမှတ်လိုက်ကြောင်း ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးနေ့တွင် မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေဆဲ စစ်ကောင်စီကို တုန့်ပြန်သည့်အနေဖြင့် ထပ်မံအရေးယူဒဏ်ခတ်ခြင်းဖြစ်ကြောင်း ဗြိတိန်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနများက ထုတ်ပြန်သည်။

“ဒီနေ့ ကြေညာချက်က မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံမှု၊ ဒီမိုကရေစီနဲ့ ပြည်သူ့ရေးရာ အခွင့်အရေးတွေကို တောင်းဆိုတိုက်ပွဲဝင်မှုတွေဟာ အချည်းနှီး ဖြစ်မှာမဟုတ်ဘူးဆိုတာ မြန်မာပြည်သူတွေကို သတင်းစကားပါးခြင်းဖြစ်ပါတယ်။ မြန်မာစစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်တွေကို ဆက်လက် လစ်လျူရှုနေမယ်ဆိုရင် ကနေဒါဟာ နောက်ထပ် အရေးယူမှုတွေ ပြုလုပ်သွားဖို့ တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး”ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Joly က ပြောသည်။

Public Service Announcement

Public Service Announcement

ကနေဒါသည် စိတ်သဘောထားတူသည့် ဗြိတိန်နှင့် အမေရိကန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမှုများကို ကြိုဆိုလိုက်ပြီး မြန်မာ့အရေးကိုဖြေရှင်းရန် ဘုံစိုးရိမ်ချက်များ၊ ဘုံတန်ဖိုးများမြှင့်တင်ခြင်းနှင့်အတူတကွအရေးယူဆောင် ရွက်ခြင်းများ ထုတ်ဖော်ပြောဆိုသည်။

ယခု အရေးယူမှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်ကိုတာဝန်ခံမှု ရှိစေရန် ဗြိတိန် ခိုင်မာသည့်ကတိကဝတ်ကို ပြသပြီး မိတ်ဖက်နိုင်ငံများနှင့်အတူ စစ်တပ်ထံ လက်နက်များ၊ ကိရိယာ၊ ငွေကြေး စီးဆင်းမှုများကို ကန့်သတ်ရန်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲနောက်ပိုင်း သူ့ကို ပစ်မှတ်ထားပြီး ဒီမိုကရက်တစ် ပါတီက စုံစမ်းမှုတွေ လုပ်လာရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ဟိုသီတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ဆော်ဒီကို ကာကွယ်ပေးဖို့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိိတိန်ရဲ့ ခားစ်ဘုရင်ဆီကပေးပို့လာတဲ့စာအုပ်နှစ်အုပ်ကိုလက်ဝယ်သွားရောက်ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုကသတင်းထုတ်ပြန်လာပါတယ်။