Connect with us

Hi, what are you looking for?

News

မြန်မာစစ်ကောင်စီနှင့်ဆက်နွှယ်သည့်လုပ်ငန်း ၄ ခုကို ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တို့ ပူးပေါင်းဒဏ်ခတ်

ကနေဒါသည် စိတ်သဘောထားတူသည့် ဗြိတိန်နှင့် အမေရိကန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမှုများကို ကြိုဆိုလိုက်ပြီး မြန်မာ့အရေးကိုဖြေရှင်းရန် ဘုံစိုးရိမ်ချက်များ၊ ဘုံတန်ဖိုးများမြှင့်တင်ခြင်းနှင့်အတူတကွအရေးယူဆောင် ရွက်ခြင်းများ ထုတ်ဖော်ပြောဆိုသည်။

–စစ်တပ်ကို နောက်ထပ်အရေးယူမှုများ လုပ်ဆောင်ရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု က​နေဒါ​ပြော

ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တို့ပူးပေါင်းကာ မြန်မာစစ်ကောင်စီနှင့်ဆက်နွှယ်သည့်လုပ်ငန်း ၄ ခုကို ဒဏ်ခတ်အရေးယူမှု ထပ်မံချမှတ်လိုက်ကြောင်း ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးနေ့တွင် မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေဆဲ စစ်ကောင်စီကို တုန့်ပြန်သည့်အနေဖြင့် ထပ်မံအရေးယူဒဏ်ခတ်ခြင်းဖြစ်ကြောင်း ဗြိတိန်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနများက ထုတ်ပြန်သည်။

“ဒီနေ့ ကြေညာချက်က မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံမှု၊ ဒီမိုကရေစီနဲ့ ပြည်သူ့ရေးရာ အခွင့်အရေးတွေကို တောင်းဆိုတိုက်ပွဲဝင်မှုတွေဟာ အချည်းနှီး ဖြစ်မှာမဟုတ်ဘူးဆိုတာ မြန်မာပြည်သူတွေကို သတင်းစကားပါးခြင်းဖြစ်ပါတယ်။ မြန်မာစစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်တွေကို ဆက်လက် လစ်လျူရှုနေမယ်ဆိုရင် ကနေဒါဟာ နောက်ထပ် အရေးယူမှုတွေ ပြုလုပ်သွားဖို့ တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး”ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Joly က ပြောသည်။

Public Service Announcement

Public Service Announcement

ကနေဒါသည် စိတ်သဘောထားတူသည့် ဗြိတိန်နှင့် အမေရိကန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမှုများကို ကြိုဆိုလိုက်ပြီး မြန်မာ့အရေးကိုဖြေရှင်းရန် ဘုံစိုးရိမ်ချက်များ၊ ဘုံတန်ဖိုးများမြှင့်တင်ခြင်းနှင့်အတူတကွအရေးယူဆောင် ရွက်ခြင်းများ ထုတ်ဖော်ပြောဆိုသည်။

ယခု အရေးယူမှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်ကိုတာဝန်ခံမှု ရှိစေရန် ဗြိတိန် ခိုင်မာသည့်ကတိကဝတ်ကို ပြသပြီး မိတ်ဖက်နိုင်ငံများနှင့်အတူ စစ်တပ်ထံ လက်နက်များ၊ ကိရိယာ၊ ငွေကြေး စီးဆင်းမှုများကို ကန့်သတ်ရန်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်စခန်း တစ်ခုမှာ လူ ၁၃ ဦး သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို လက်ဖြောင့်တပ်ဖွဲ့က ကွပ်မျက်မှုကို တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အီရန်စစ်ပွဲအတွင်း လေယာဉ် အမျိုးမျိုး စုစုပေါင်း ၈၁ စီးထိ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် အီရန်ဟာ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေကို အမေရိကန်က လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပမာဏထိ လျှော့ချရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေး ပြောကြားခဲ့ပါတယ်။