Connect with us

Hi, what are you looking for?

News

မြန်မာစစ်ကောင်စီနှင့်ဆက်နွှယ်သည့်လုပ်ငန်း ၄ ခုကို ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တို့ ပူးပေါင်းဒဏ်ခတ်

ကနေဒါသည် စိတ်သဘောထားတူသည့် ဗြိတိန်နှင့် အမေရိကန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမှုများကို ကြိုဆိုလိုက်ပြီး မြန်မာ့အရေးကိုဖြေရှင်းရန် ဘုံစိုးရိမ်ချက်များ၊ ဘုံတန်ဖိုးများမြှင့်တင်ခြင်းနှင့်အတူတကွအရေးယူဆောင် ရွက်ခြင်းများ ထုတ်ဖော်ပြောဆိုသည်။

–စစ်တပ်ကို နောက်ထပ်အရေးယူမှုများ လုပ်ဆောင်ရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု က​နေဒါ​ပြော

ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တို့ပူးပေါင်းကာ မြန်မာစစ်ကောင်စီနှင့်ဆက်နွှယ်သည့်လုပ်ငန်း ၄ ခုကို ဒဏ်ခတ်အရေးယူမှု ထပ်မံချမှတ်လိုက်ကြောင်း ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးနေ့တွင် မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေဆဲ စစ်ကောင်စီကို တုန့်ပြန်သည့်အနေဖြင့် ထပ်မံအရေးယူဒဏ်ခတ်ခြင်းဖြစ်ကြောင်း ဗြိတိန်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနများက ထုတ်ပြန်သည်။

“ဒီနေ့ ကြေညာချက်က မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံမှု၊ ဒီမိုကရေစီနဲ့ ပြည်သူ့ရေးရာ အခွင့်အရေးတွေကို တောင်းဆိုတိုက်ပွဲဝင်မှုတွေဟာ အချည်းနှီး ဖြစ်မှာမဟုတ်ဘူးဆိုတာ မြန်မာပြည်သူတွေကို သတင်းစကားပါးခြင်းဖြစ်ပါတယ်။ မြန်မာစစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်တွေကို ဆက်လက် လစ်လျူရှုနေမယ်ဆိုရင် ကနေဒါဟာ နောက်ထပ် အရေးယူမှုတွေ ပြုလုပ်သွားဖို့ တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး”ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Joly က ပြောသည်။

Public Service Announcement

Public Service Announcement

ကနေဒါသည် စိတ်သဘောထားတူသည့် ဗြိတိန်နှင့် အမေရိကန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမှုများကို ကြိုဆိုလိုက်ပြီး မြန်မာ့အရေးကိုဖြေရှင်းရန် ဘုံစိုးရိမ်ချက်များ၊ ဘုံတန်ဖိုးများမြှင့်တင်ခြင်းနှင့်အတူတကွအရေးယူဆောင် ရွက်ခြင်းများ ထုတ်ဖော်ပြောဆိုသည်။

ယခု အရေးယူမှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်ကိုတာဝန်ခံမှု ရှိစေရန် ဗြိတိန် ခိုင်မာသည့်ကတိကဝတ်ကို ပြသပြီး မိတ်ဖက်နိုင်ငံများနှင့်အတူ စစ်တပ်ထံ လက်နက်များ၊ ကိရိယာ၊ ငွေကြေး စီးဆင်းမှုများကို ကန့်သတ်ရန်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်