Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကတိုက်​လေယာဥ်နဲ့ ဗုံးကြဲဖို့သုံးလအတွင်းဒေါ်လာ​​ လေးသန်းကျော် သုံးစွဲ

စစ်တပ်က သုံးလအတွင်း တိုက်​လေယာဥ်အုပ်စုအတွက်ပဲ ‌ဗုံးဖို့အတွက်အမေရိကန်ဒေါ်လာ ၄သန်းကျော် အသုံးပြုခဲ့တယ်လို့ Blood Money Campaign (သွေးစွန်းငွေ လှုပ်ရှားမှု အဖွဲ့)က ထုတ်ပြန်ပါတယ်။

မတ်-၂၂၊၂၀၂၆။တေဇ/People’s Spring

စစ်တပ်က သုံးလအတွင်း တိုက်​လေယာဥ်အုပ်စုအတွက်ပဲ ‌ဗုံးဖို့အတွက်အမေရိကန်ဒေါ်လာ ၄သန်းကျော် အသုံးပြုခဲ့တယ်လို့ Blood Money Campaign (သွေးစွန်းငွေ လှုပ်ရှားမှု အဖွဲ့)က ထုတ်ပြန်ပါတယ်။

၂၀၂၅ ဇွန် ၁၆ရက်ကနေ စက်တင်ဘာ ၁၆ရက်ထိ လေ့လာတွေ့ရှိချက်အရပြီးခဲ့တဲ့ သုံးလအတွင်း စစ်ကောင်စီဟာ တိုက်လေယာဉ်အုပ်စုတစ်စုတည်းအတွက် လေယာဉ်ဆီဂါလန် လေယာဉ်ဆီ အင်ပီယီရယ်ဂါလံ (IG) ၁.၉၄ သန်းကျော် IG ၁,၉၃၅,၀၈၆ သုံးစွဲခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ကုန်ကျငွေပမာဏ အမေရိကန်ဒေါ်လာ ၄.၁၆ သန်းကျော် (၄,၁၆၀,၄၃၅) ရှိခဲ့တာ ဖြစ်ပါတယ်လို့ ထုတ်ပြန်ထားတာပါ။

IG ဆိုတာက လေယာဉ်မောင်းချိန်တစ်နာရီအတွင်း ကုန်ကျတဲ့ ဆီဂါလံကို ပျမ်းမျှတွက်ချက်ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအတွက် ရုရှားနိုင်ငံထုတ် Su-30SME ၊MiG-29၊ Yak-130၊ တရုတ်နိုင်ငံထုတ် FTC-2000G၊ F-7M၊ A-5 ၊တရုတ်နဲ့ ပါကစ္စတန်နိုင်ငံထုတ် JF-17၊ K-8 နဲ့ ဆားဘီးယားနိုင်ငံထုတ် G-4 စတဲ့လေယာဉ်တွေကိုအသုံးပြုနေတာပါ။

“ဆီသုံးအများဆုံးကတော့ Su-30SME ဖြစ်ပြီး တစ်နာရီကို ၁,၅၀၀ IG သုံးစွဲပါတယ်။ MiG-29 က ၉၀၀ IG, JF-17 နဲ့ F-7M က ၆၀၀ IG, A-5 က ၅၅၀ IG, Yak-130 က ၄၀၀ IG, FTC-2000G က ၃၅၀ IG, K-8 က ၃၀၀ IG နဲ့ G-4 က ၂၀၀ IG အသီးသီး သုံးစွဲပါတယ်။” လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုက ‌စစ်ကောင်စီအသုံးပြုနေတဲ့ လေယာဉ်တွေရဲ့ ဆီသုံးစွဲမှုနှုန်းကို ထုတ်ပြန်ထားပါတယ်။

အရှေ့အလယ်ပိုင်းစစ်ပွဲတွေ မ‌တိုင်မီက လေယာဉ်ဆီ ၁ IGမှာ အမေရိကန်ဒေါ်လာ ၂.၁၅ လောက်ရှိတာကြောင့် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ တစ်နာရီ အသုံးပြုဖို့အတွက် ဒေါ်လာ ၅၀၀ ကနေ ဒေါ်လာ ၃၅၀၀ အထိ ကုန်ကျနိုင်တယ်လို့ အကြမ်းဖျဉ်းတွက်ချက်နိုင်ပါတယ်။

ဒီကုန်ကျစရိတ်က ကျပ်ငွေနဲ့‌ဆိုရင် ပျမ်းမျှ ကျပ်သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိကုန်ကျနေတာဖြစ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့က ဆိုပါတယ်။

“ဒီကုန်ကျမှုဟာလေယာဉ်ဆီတမျိုးတည်းအတွက်သာဖြစ်ပြီး လေယာဉ်မှာတပ်တဲ့ ဗုံးတွေ၊ လက်နက်တွေ၊ လေယာဉ်ပြုပြင်တာတွေအတွက် အပိုပစ္စည်းတွေစတဲ့ ကုန်ကျစရိတ်တွေ မပါဝင်သေးပါဘူး။” လို့ သွေးစွန်းငွေ‌ဖြတ်တောက်ရေးအဖွဲ့က ထောက်ပြထားပါတယ်။

မတ် ၂၀ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကသာမြို့ ၊အမှတ်(၃)ရပ်ကွက်ထဲက မဟာလေးထပ်ကျောင်းကိုစစ်တပ်က တိုက်လေယာဉ်​တွေနဲ့ ဗုံးကြဲခဲ့လို့သံဃာအပါအဝင် စစ်ဘေးရှောင်နဲ့ ဒေသခံဆယ်နဲ့ချီ သေဆုံးဒဏ်ရာရတယ်လို့ မြို့ခံက ပြောပါတယ်။

မတ်လ ၈ရက်ကလည်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို သုံးနာရီခွဲခန့်ကြာ တိုက်​လေယာဥ်မျိုးစုံနဲ့ဗုံးကြဲခဲ့တာ​ကြောင့် စစ်သုံ့ပန်း (၁၁၆)ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။