Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားပိုင်နက်ဖက်က ရောက်လာတဲ့ ဒရုန်းတွေက NATO နှစ်နိုင်ငံ နယ်နိမိတ်ထဲ ဝင်ရောက်ခဲ့

ယူကရိန်း စစ်ပွဲနဲ့ ဆက်နွှယ်နေတဲ့ ဒရုန်းတွေဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုထဲ ကျူးကျော် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ယူကရိန်း စစ်ပွဲနဲ့ ဆက်နွှယ်နေတဲ့ ဒရုန်းတွေဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုထဲ ကျူးကျော် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီ ဒရုန်းတွေဟာ ရုရှားလေပိုင်နက်ဖက်ကနေ စတင်ပျံသန်းလာပြီး အက်စ်တိုးနီးယားနဲ့ လတ်ဗီးယား နယ်နိမိတ်တွေထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ အစိုးရတွေက အခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီလို့ မတ်လ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒရုန်းတစ်စီးဟာ အက်တိုးနီးယားမှာရှိတဲ့ Auvere ဓာတ်အားပေး စက်ရုံရဲ့ ခေါင်းတိုင်တစ်ခုကို ဝင်တိုက်မိခဲ့ပါတယ်။ နောက်ထပ် ဒရုန်းတစ်စီးကတော့ လတ်ဗီးယား ပိုင်နက်ထဲမှာ ပျက်ကျခဲ့ပါတယ်။ Auvere ဓာတ်အားပေး စက်ရုံဟာ အက်စ်တိုးနီးယား နိုင်ငံ အရှေ့မြောက်ပိုင်း၊ ရုရှားနဲ့ နယ်စပ်နားမှာ တည်ရှိနေပါတယ်။

မတ်လ ၂၄ ရက်နေ့တုန်းက ရုရှားဟာ ယူကရိန်းကို ဒရုန်းအစီးရေ ၉၅၀ လောက်ထိ တစ်နေ့တည်းနဲ့တင် အုံနဲ့ကျင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ အခု ဒရုန်းတွေ ကျူးကျော်မှုဟာ အဲဒီဖြစ်စဉ်နဲ့ တိုက်ရိုက် ပတ်သက်မှု ရှိသလား ဆိုတာကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

အက်စ်တိုးနီးယား ပြည်တွင်းလုံခြုံရေးဌာန (ISS)ရဲ့ ညွှန်ကြားရေးမှူးချုပ် မာဂို ပါလိုဆန်က ဒီကိစ္စတွေဟာ ရုရှားရဲ့ အလုံးအရင်းနဲ့ ရန်လို တိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှုတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အက်စ်တိုးနီးယား အနေနဲ့ အခုလို ဖြစ်ရပ်တွေ ထပ်ပြီး ကြုံနေဦးမယ်လို့လည်း မျှော်လင့်ထားကြောင်း သူက ဆိုပါတယ်။

လတ်ဗီးယားဖက် ကျရောက်ခဲ့တဲ့ ဒရုန်းကတော့ ယူကရိန်းက လွှတ်တင်လိုက်ပြီး ရုရှားလေပိုင်နက်ထဲကနေ လမ်းကြောင်းမှား ရောက်ရှိလာတာလည်း ဖြစ်နိုင်ခြေရှိကြောင်း လတ်ဗီးယား ဝန်ကြီးချုပ် အီဗီကာ ဆီလီနာက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ ယူကရိန်းကလည်း ရုရှားရဲ့ အလုံးအရင်း တိုက်ခိုက်မှုအတွက် ဒရုန်းတွေ လွှတ်တင်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။

လတ်ဗီးယား ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ ဒရုန်းကိုတော့ ကရာဆလာဗာ ဒေသမှာ ရှာတွေ့ခဲ့ပြီး ဒရုန်းပျက်ကျချိန်မှာ ပေါက်ကွဲသံ တစ်ခုလည်း ကြားခဲ့ရကြောင်း သိရပါတယ်။

ရုရှားလေပိုင်နက်ဖက်ကနေ NATO အဖွဲ့ဝင် နှစ်နိုင်ငံ နယ်နိမိတ်ထဲ ဒရုန်းတွေ ရောက်ရှိခဲ့တဲ့ ဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရမှု သတင်းတွေတော့ မကြားခဲ့ရပါဘူး။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook