ဧပြီ-၁၊၂၀၂၆။People’s Spring
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းလိုက်တဲ့ စစ်ရေးမဟာမိတ်အစုအဖွဲ့သစ်ကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က တိုက်တွန်းလိုက်ပါတယ်။
NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)တို့က အင်အားကြီးလူမျိုးစု လက်နက်ကိုင် တပ်တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP/KA)တို့နဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF)လို့ နာမည်ပေးထားတဲ့ တပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာအပြီး SAC-Mက အဲဒီ မဟာမိတ်အစုအဖွဲ့သစ်ကိုနိုင်ငံတကာက ထောက်
ခံရပ်တည်ပေးဖို့ ဆော်ဩလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ဒီအရွေ့ဟာ မြန်မာစစ်တပ်ကိုအစဉ်အဆက် ဆန့်ကျင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်အာဏာသိမ်းမှုအပြီး စတင်ပေါ်ပေါက်လာတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေကြားမှာ အထင်ရှားဆုံး တရားဝင် ပေါင်းစည်းမှုလို့လည်း ရှုမြင်ခံခဲ့ရပါတယ်။

Public Service Announcement
SCEFဟာ နိုင်ငံရေးမှာစစ်တပ်ရဲ့အခန်းကဏ္ဍကို အဆုံးသတ်ဖို့၊လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့၊ စစ်တပ်က တစ်ဖက်သတ် ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒီမိုကရေစီ ပိုမိုပြည့်ဝတဲ့ အခြေခံ ဥပဒေ တစ်ခုနဲ့ အစားထိုးနိုင်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ အုပ်ချုပ်မှု စနစ်တစ်ခု တည်ထောင်ဖို့၊ အကြမ်း
ဖက် ရန်လိုမှုတွေရဲ့ သားကောင် ဖြစ်ခဲ့သူတွေအတွက် တရားမျှတမှု ရှာဖွေပေးဖို့ စတာတွေ ဖြစ်တယ်လို့လည်း SAC-Mက ဧပြီ ၁ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။
SCEF ထွက်ပေါ်လာချိန်ဟာအချိန်ကိုက်မှုအရ အထူးကောင်းမွန်သလိုသိသာထင်ရှားတဲ့တိုးတက်မှု တစ်ခုလည်း ဖြစ်တယ်လို့ SAC-Mရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ယန်ဟီးလီကပြောကြားခဲ့ပါတယ်။ သူကနိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒတွေနဲ့ SCEFလို အစုအဖွဲ့မျိုး ပေါ်ပေါက်လာခြင်းရဲ့ ရည်မှန်းချက်တွေကိုအပြည့်အဝထောက်ခံပေးဖို့လိုအပ်ကြောင်း၊ စစ်တပ်ရဲ့အခန်းကဏ္ဍကို လက်ရှိမှာရော၊ အနာဂတ်မှာပါပယ်ချထားဖို့ လိုအပ်ကြောင်း သူကဆိုပါတယ်။
SAC-Mရဲ့ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဘန်လီကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယူနီဖောင်းချွတ်ပြီး သမ္မတလုပ်ဖို့ ကြံစည်နေတဲ့အပေါ် ဝေဖန်သွားပါတယ်။ အပေါ်ယံ အဝတ်အစားကို ပြောင်းလိုက်ရုံနဲ့တင် မင်းအောင်လှိုင် ကြံစည်နေတဲ့ သမ္မတရာထူး၊ဒါမှမဟုတ်သူ့ရဲ့ အတုအယောက် အရပ်သား အစိုးရနဲ့ ဒီမိုကရေစီ ကတိကဝတ်တွေကစစ်မှန်လာမှာ မဟုတ်ကြောင်း လီက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ စစ်တပ်က မျက်နှာပန်းလှအောင် ပြင်ဆင်ထုပ်ပိုးနေတဲ့ ပေါပေါပဲပဲ အားထုတ်မှုသာဖြစ်ပြီး ဘယ်သူကမှဝယ်မှာမဟုတ်တဲ့ထုတ်ကုန်မျိုးလို့လီက ဥပမာ ပေးသွားခဲ့ပါတယ်။
SAC-Mက မြန်မာနိုင်ငံမှာ စစ်တပ်ပဲ ဆက်လက် ကြီးစိုးထားပြီး အရပ်သား အုပ်ချုပ်မှုပုံစံ ကူပြောင်းမယ့် အစိုးရမျိုးဟာ သဘောထား ပျော့ပျောင်းသွားမှု၊ စစ်မှန်တဲ့ ပြောင်းလဲမှုတွေလို့ ရှုမြင်လို့ မရကြောင်းလည်း သတိပေးသွားခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ ဖိုရမ်တွေ၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)တို့လို နိုင်ငံတကာ အစုအဖွဲ့တွေ အနေနဲ့ မြန်မာပြည်သူတွေကို စစ်မှန်စွာ ကိုယ်စားပြုသူတွေ၊ SCEFလို အင်အားစုတွေနဲ့ ပိုပြီး ထိတွေ့ဆွေးနွေးရင်း စစ်တပ်ကို ဝိုင်းပယ်ထားကြဖို့ လိုကြောင်းလည်း SAC-Mက ပြောပါတယ်။ နိုင်ငံတကာ အသိအ
မှတ်ပြုမှု ဆိုတာဟာ စစ်တပ်နဲ့ လက်ဝေခံ အစိုးရသစ်က အသည်းအသန် လိုအပ်နေမယ့် အရာမျိုးဖြစ်တယ်လို့လည်း SAC-Mက ထောက်ပြထားခဲ့ပါတယ်။
ကိုးကား-SAC-M


















































