Connect with us

Hi, what are you looking for?

သတင်း

စလင်းမှာ စစ်သားနဲ့ ရဲတွေကို ဒေါင်းညီနောင်ပြောက်ကျားတပ် တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်အုပ်စုကို တိုက်ခိုက်ရာ သုံးဦးသေပြီး ခဲယမ်းအချို့ရတယ်လို့ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဧပြီ−၁၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်အုပ်စုကို တိုက်ခိုက်ရာ သုံးဦးသေပြီး ခဲယမ်းအချို့ရတယ်လို့ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့(ဧပြီ ၁ရက်) မနက် ၈ နာရီခန့်က စစ်တပ်နဲ့ရဲ အင်အား ၃၀ခန့်နဲ့ တပ်စွဲထားတဲ့ လင်းဇင်းတိုက်နယ်ရဲစခန်းက ထွက်လာတဲ့ ရဲနဲ့စစ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီကောင်တွေ ဆိုင်ကယ်သုံးစီးနဲ့ ခြောက်ယောက်ထွက်လာတာကို တိုက်ခိုက်ခဲ့တာ။အခု လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေရှိတယ်။စလင်းမြို့ဘက်ကလည်း လင်းဇင်းကို စစ်ကူကား ထွက်လာတာရှိတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက စလင်း-ကံပြား လမ်းပိုင်းပေါ်ကနေ ဖြတ်သန်းတဲ့ ပြည်သူတွေရဲ့ သစ်ကား၊ဝါးကား၊ကုန်ကားတွေကို အတင်းအဓ္ဓမ ငွေကြေးကောက်ခံတာတွေ နေ့စဉ်လုပ်နေလို့ ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲတစ်ဦး မျက်မြင်သေဆုံးပြီး ဒဏ်ရာရသွားတဲ့ စစ်သားနှစ်ဦးဟာလည်း စလင်းဆေးရုံမှာ သေဆုံးတယ်လို့ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ပစ်ဗုံးနှစ်လုံး၊ ဖုန်းနဲ့ အိတ်တွေအပါအဝင် ဆပ်ကြေးကောက်ထားတဲ့ ပိုက်ဆံ ငါးသောင်းကျော် သိမ်းရခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

စလင်းမြို့နယ်က စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်း အနီးမှာ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာခြောက်ရွာက ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။