Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့နယ်မှာ AAနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းက ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်‌တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

ဧရာဝတီတိုင်းအတွင်း အဝေးပြေးလမ်းမဘေးမှာ တွေ့ရတဲ့ စစ်တပ်ဘန်ကာတစ်ခု။ ဓာတ်ပုံ-People's Spring

ဧပြီ-၁၄၊၂၀၂၆။မိထက်/People’s Spring

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်‌တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

လေးမျက်နှာမြို့နယ်မှာ ပြီးခဲ့တဲ့မတ်လဆန်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် စစ်ရေးအခြေအနေငြိမ်သက်နေရာကနေ အခု ဧပြီ ၇ရက်ကစပြီး တိုက်ပွဲပြန်ဖြစ်နေတာပါ။ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲပြီး မြေပြင်ကနေလည်း အင်အားတွေဖြည့်နေတယ်လို့ စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံတွေကပြော ပါတယ်။

“တအုန်းအုန်းနဲ့ ချနေတာ။လေယာဉ်က ညဘက်တွေပါ လာကြဲတယ်။ စက်စက်ယိုကျေးရွာဘက်ကိုလည်း လမ်းမတွေပေါ်မှာ လက်နက်ကြီးတွေဆင်ပြီး ပစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို AAနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားတာဖြစ်ပြီး စစ်ကောင်စီက တန်ပြန် စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဖြစ်နေတာပါ။စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသလို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေ အင်အားတွေ ဖြည့်နေပါတယ်။

လေးမျက်နှာနဲ့ ဆက်စပ်နေတဲ့ ဟင်္သာတ၊တလုထ္ထော်၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တွေက အဝေးပြေးလမ်းမတွေပေါ်မှာလည်း သဲအိတ်တွေနဲ့ ဘန်ကာတွေ ဆောက်ထားပါတယ်။

” သဲအိတ်တွေကို ရွာထိပ်တွေမှာ လာပုံထားတာ။ လူတော့ မရှိဘူး။ ပြည်သူ့စစ်တွေကို အသေခံခိုင်းဖို့ဖြစ်မယ်”လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

လေးမျက်နှာမြို့နယ်မှာ တိုက်ပွဲဖြစ်ရင် အနီးပတ်ဝန်းကျင်မြို့နယ်တွေမှာ စစ်ကောင်စီက စစ်‌ဆေးရေးတင်းကြပ်ပြီး စစ်ရေးပြင်ဆင်မှုလည်း လုပ်လေ့ရှိပါတယ်။

” တိုက်ပွဲဖြစ်တဲ့ရက်တွေဆို စစ်ဆေးရေးဂိတ်ကကောင်တွေမျက်နှာသေတွေနဲ့”လို့ ပုသိမ်ကို ပြေးဆွဲနေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

လေးမျက်နှာမြို့အနီး ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)ကိုလည်း အင်အားအများအပြားဖြည့်းတင်းနေပြီး အဲဒီနေရာကနေတဆင့် စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းကို လွှတ်နေတာတွေ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။