Connect with us

Hi, what are you looking for?

News

RHBဘဏ်မှဝယ်ထား​​သောအထူးငွေတိုက်စာချုပ် အတွက်​ငွေများပြန်လွှဲ​ပြောင်း​ပေး​နေ

အချိန်တို အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ စီးဝင်လာမှုအတွက် RHB ဘဏ်အနေဖြင့် လက်ခံစီမံပေးရန် အခက်အခဲရှိခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ငွေတိုက်စာချုပ်များဝယ်ယူရာတွင် စင်ကာပူ RHBဘဏ်လွှဲထားငွေများကို ပြန်လည်လွှဲပြောင်းနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ,စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှူဝန်ကြီးဌာန ကထုတ်ပြန်ကြေညာသည်။

အချိန်တို အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ စီးဝင်လာမှုအတွက် RHB ဘဏ်အနေဖြင့် လက်ခံစီမံပေးရန် အခက်အခဲရှိခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကဆိုသည်။

RHBဘဏ်က ဒီဇင်ဘာ ဒုတိယပါတ်မှ စတင်ပြီး လွှဲပြောင်းပေးနေခြင်းဖြစ်ပြီး ဘဏ်နှင့်ချိတ်ဆက်ထားသည့် ဘဏ်ပေါ်မူတည်၍သာ အချိန်ကာလာကြာမြင့်နိုင်သည်ဟု NUGကဆိုသည်။ထိုသို့ကြာမြင့်သော်လည်း ငွေကြေးများ ကျိန်းသေပြန်ရမည်ဟုလည်း​အသိ့​ပေးထားသည်။

“ငွေလွှဲခပါ ဘဏ်ကနေ ပြန်လာပါတယ် ကျမ လက်ခံရရှိပြီးပါပြီ။ စောင့်ရတာတော့ရှိနိုင်ပါတယ်”ဟု ငွေတိုက်စာချုပ်ဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးအတွက် NUGက ဒေါ်လာ ၁၀၀၊၅၀၀၊ ၁၀၀၀ နှင့် ၅၀၀၀ တန်ငွေတိုက်စာချုပ်များကို ဒေါ်လာ တစ်ဘီလီယံဖိုးထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ရောင်းချရာတွင် နိုဝင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိငွေတိုက်စာချုပ် ဒေါ်လာ ၁၅ သန်းဖိုးရောင်းချခဲ့ရသည်။ ၎င်းတို့အနက် ဒေါ်လာ ၁၃ သန်းဖိုးကို ချက်စ်နိုင်ငံက Fio Banka ဘဏ်က လက်ခံခဲ့ခြင်းဖြစ်ပြီး ကျန် ၃သန်းကျော်ကို RHB စင်ကာပူဘဏ်ခွဲက လက်ခံခဲ့ခြင်းဖြစ်သည်။

RHBဘဏ်က ထိုငွေ သုံးသန်းကျော်ကို ငွေတိုက်စာချုပ်ဝယ်ယူသူများထံ ပြန်လည်ပေးပို့နေခြင်းဖြစ်သည်။
RHBဘဏ်သည် မလေးရှားအခြေစိုက်ဘဏ်တစ်ခုဖြစ်ပြီး စင်ကာပူတွင် ဘဏ်ခွဲဖွင့်လှစ်ထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်လည်း ငွေတိုက်စာချုပ်များရောင်းချမူကို ဘဏ်ငွေလွှဲစနစ်များအဆင်မပြေ၍ NUGက ခေတ္တဆိုင်းငံ့ထားပြီး၊ KIO ​​ငွေလွှဲစနစ် ​ငွေ​ကြေးစနစ်အသုံးပြု​ရောင်းချရန်စီစဥ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ