Connect with us

Hi, what are you looking for?

LuduNwayOo

News

RHBဘဏ်မှဝယ်ထား​​သောအထူးငွေတိုက်စာချုပ် အတွက်​ငွေများပြန်လွှဲ​ပြောင်း​ပေး​နေ

အချိန်တို အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ စီးဝင်လာမှုအတွက် RHB ဘဏ်အနေဖြင့် လက်ခံစီမံပေးရန် အခက်အခဲရှိခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ငွေတိုက်စာချုပ်များဝယ်ယူရာတွင် စင်ကာပူ RHBဘဏ်လွှဲထားငွေများကို ပြန်လည်လွှဲပြောင်းနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ,စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှူဝန်ကြီးဌာန ကထုတ်ပြန်ကြေညာသည်။

အချိန်တို အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ စီးဝင်လာမှုအတွက် RHB ဘဏ်အနေဖြင့် လက်ခံစီမံပေးရန် အခက်အခဲရှိခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကဆိုသည်။

RHBဘဏ်က ဒီဇင်ဘာ ဒုတိယပါတ်မှ စတင်ပြီး လွှဲပြောင်းပေးနေခြင်းဖြစ်ပြီး ဘဏ်နှင့်ချိတ်ဆက်ထားသည့် ဘဏ်ပေါ်မူတည်၍သာ အချိန်ကာလာကြာမြင့်နိုင်သည်ဟု NUGကဆိုသည်။ထိုသို့ကြာမြင့်သော်လည်း ငွေကြေးများ ကျိန်းသေပြန်ရမည်ဟုလည်း​အသိ့​ပေးထားသည်။

“ငွေလွှဲခပါ ဘဏ်ကနေ ပြန်လာပါတယ် ကျမ လက်ခံရရှိပြီးပါပြီ။ စောင့်ရတာတော့ရှိနိုင်ပါတယ်”ဟု ငွေတိုက်စာချုပ်ဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးအတွက် NUGက ဒေါ်လာ ၁၀၀၊၅၀၀၊ ၁၀၀၀ နှင့် ၅၀၀၀ တန်ငွေတိုက်စာချုပ်များကို ဒေါ်လာ တစ်ဘီလီယံဖိုးထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ရောင်းချရာတွင် နိုဝင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိငွေတိုက်စာချုပ် ဒေါ်လာ ၁၅ သန်းဖိုးရောင်းချခဲ့ရသည်။ ၎င်းတို့အနက် ဒေါ်လာ ၁၃ သန်းဖိုးကို ချက်စ်နိုင်ငံက Fio Banka ဘဏ်က လက်ခံခဲ့ခြင်းဖြစ်ပြီး ကျန် ၃သန်းကျော်ကို RHB စင်ကာပူဘဏ်ခွဲက လက်ခံခဲ့ခြင်းဖြစ်သည်။

RHBဘဏ်က ထိုငွေ သုံးသန်းကျော်ကို ငွေတိုက်စာချုပ်ဝယ်ယူသူများထံ ပြန်လည်ပေးပို့နေခြင်းဖြစ်သည်။
RHBဘဏ်သည် မလေးရှားအခြေစိုက်ဘဏ်တစ်ခုဖြစ်ပြီး စင်ကာပူတွင် ဘဏ်ခွဲဖွင့်လှစ်ထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်လည်း ငွေတိုက်စာချုပ်များရောင်းချမူကို ဘဏ်ငွေလွှဲစနစ်များအဆင်မပြေ၍ NUGက ခေတ္တဆိုင်းငံ့ထားပြီး၊ KIO ​​ငွေလွှဲစနစ် ​ငွေ​ကြေးစနစ်အသုံးပြု​ရောင်းချရန်စီစဥ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။