Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးသီးတွေကြဲတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန် ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန် ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KNU ပူးပေါင်းတပ်ဟာ ဝင်းတာပန်စစ်ကောင်စီ စခန်းနဲ့ (၉)မိုင်ခန့် ကွာဝေးတဲ့ လေးကေတပ်စခန်းကို ဧပြီ ၁၂ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဝင်းတာပန်ဒေသမှာပါ တိုက်ပွဲ ဆက်ရှိနေတဲ့ အခြေအနေမှာ စစ်တပ်က အဲဒီဒေသကို စစ်ကူဖြည့်တင်းနေတာပါ။

စစ်ကောင်စီတပ်ရဲ့ စစ်ကူတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲနဲ့ မသက်ဆိုင်ဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေကို ပစ်မှတ်ထား လေကြောင်းဗုံးကြဲနေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၉ရက် မနက်က Y12 လေယာဉ်နဲ့ ဘီးလင်းမြို့နယ်က ဝန်းတာပန်ရွာ ၊ ဝင်းတာပန် အထက်ရွာ ကျောက်ဖျာရွာ ဗုံးသီး ၂၆လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်လို့ ဝင်းတာပန်ကျေးရွာက စာသင်ကျောင်း၊ ပြည်သူလူထု နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး နွား ၅ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဝင်းတာပန်အထက်ရွာက ဘုန်းကြီးကျောင်း နဲ့ ကျောက်ဖျာကျေးရွာက နေအိမ်အချို့၊ စက်သုံးဆီဆိုင်နဲ့ သင်္ချိုင်းကုန်းဇရပ် နေရာတွေ ဗုံးသီးထိမှန်ပျက်စီးခဲ့တယ်လို့ သထုံခရိုင်း သတင်းရင်းမြစ်က ပြောပါတယ်။

အခု စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ ဝင်းတာပန်၊ ကျောက်ဖျာရွာတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်က စစ်ကောင်စီ စခန်းသိမ်းထားတဲ့ လေးကေရွာတွေဟာ တဆက်တည်းဖြစ်တယ်လို့ ပြောပါတယ်။

စစ်ရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

KNU ပူးပေါင်းတပ်ဟာ လေးကေစခန်းကို သိမ်းပိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ တပ်သား အချို့ကို သုံ့ပမ်းအဖြစ် ဖမ်းမိခဲ့သလို ထွက်ပြေး စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်တာ၊ အချို့ကို အရှင်ဖမ်းမိတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။