ဧပြီ-၂၈၊၂၀၂၆။ဇော်ဝင်း/People’s Spring
ကမ္ဘာကျော် Alibaba(အလီဘာဘာ)ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Shop .com.mm(Shop App MM)ဟာမြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။
၂၀၁၂ ခုနှစ်ကစတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ လူသိအများဆုံး အွန်လိုင်းဈေးဝယ် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Shop App MM ကို ဧပြီလ ၂၉ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ် အထိပဲ အော်ဒါတွေလက်ခံပေးတော့မှာလို့ Daraz Myanmar Company Limitedကအသိပေးပါတယ်။
မြန်မာနိုင်ငံအပါအဝင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါနိုင်ငံတွေမှာ အွန်လိုင်းကတစ် ဆင့် ကုန်စည်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းစု Daraz Group ကို တရုတ်နိုင်ငံက Alibaba က ၂၀၁၈ ခုနှစ်ဝယ်ယူခဲ့ပါတယ်။

Public Service Announcement
အလီဘာဘာ ဟာ တရုတ်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံးနည်းပညာနှင့်အွန်လိုင်းအရောင်းအဝယ်
(E-commerce)လုပ်ငန်းစုကြီးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်အာဏာသိမ်းစစ်တပ်လက်အောက်မှာ တရုတ်အစိုးရပိုင်ကုမ္မဏီတွေ ၊တရုတ်ကုမ္ပဏီအချို့ကဝင်ရောက်လာပေမယ့် အလီဘာလာလက်အောက်ခံလုပ်ငန်းခွဲကတော့ထွက်ခွာသွားတာလည်းဖြစ်ပါတယ် ။
“ကာစတန်မာ သန်းပေါင်းများစွာရှိပေမယ့် နိုင်ငံအခြေအနေ၊စျေးကွက်အခြေအနေကြောင့်ဖြစ်နိုင်တယ်။နောက်ပြီးသယ်ယူပို့ဆောင်ရေးစရိတ်၊ကုန်စျေးနှုန်းနဲ့ ငွေကြေးမတည်ငြိမ်မှုတွေကြောင့်လည်း ပါနိုင်တယ်”လို့ ရန်ကုန်အခြေစိုက် စီးပွား
ရေးအကြံပေးတစ်ဦးက ပြောပါတယ်။
လုပ်ငန်းရပ်နားလိုက်ရတဲ့ဆုံးဖြတ်ချက်ကလွယ်လွယ်ကူကူချခဲ့ရတာမဟုတ်ဘူးလို့ Daraz Myanmar Company Limited ကဆိုပါတယ်။
နှစ်ပေါင်းများစွာနေ့စဥ်လူမှုဘဝတွေမှာ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် လက်ခံပေးခဲ့ကြတဲ့အ
တွက် ကျေးဇူးတင်ပြီး ရပ်နားမှုမတိုင်ခင် မှာယူထားတဲ့အော်ဒါတွေ၊ပိို့ဆောင်မှုတွေ၊ပစ္စည်းပြန်လည်ပေးပို့မှုတွေနဲ့ငွေပေးချေမှုတွေအားလုံးကို တာဝန်ယူမှုအပြည့်နဲ့ အာမခံသွားမယ်လို့ အသိပေးပါတယ်။
စစ်တပ်အာဏာသိမ်းချိန်စလို့ ပြည်ပအခြေစိုက်ကုမ္ပဏီကြီယတွေ နဲ့ အထူးသဖြင့် ဒေါ်လာသန်းရာချီရှိတဲ့ အနောက်နိုင်ငံတွေရဲ့လုပ်ငန်းစုတွေက ပြန်
လည်ထွက်ခွာသွားတာ ၊ ရင်းနှီး မြှုပ်နှံမှုရပ်ဆိုင်းတာ နဲ့ ရပ်နားတာတွေ များစွာရှိခဲ့ပါတယ်။
ဆက်သွယ်ရေး ကဏ္ဍ က နော်ဝေအခြေစိုက် Telenor ၊စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ပြင်သစ် က TotalEnergies၊ Chevron အမေရိကန်၊ Woodside Energy သြစတြေးလျ နဲ့ ဂျပန် က ENEOS စတဲ့ကမ္ဘာကျော် ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပါတယ်။
ဒါ့အပြင်အခြေခံအဆောက်အဦး၊ဘဏ်လုပ်ငန်း ၊အထည်ချုပ်လုပ်ငန်းနဲ့ ဆိပ်ကမ်းစီမံကိန်း လုပ်နေတဲ့ ပြည်ပကုမ္ပဏီတွေက လုပ်ငန်းတွေရပ်ဆိုင်းခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၆ နှစ်ဆန်းပိုင်းအထိမြန်မာနိုင်ငံက ပြည်တွင်း၊ပြည်ပကုမ္ပဏီနှစ်သောင်းခွဲထက်မနည်း မှတ်ပုံတင်ဖျက်သိမ်းခံရတာဒါမှမဟုတ်လုပ်ငန်းရပ်နားခဲ့ရပါတယ်ပါတယ်။
















































