Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ​​ကျော် အလီဘာဘာရဲ့လုပ်ငန်းခွဲ Shop .com မြန်မာနိုင်ငံမှထွက်ခွာမယ်

ကမ္ဘာ​ကျော် Alibaba(အလီဘာဘာ)ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Shop .com.mm(Shop App MM)ဟာမြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။

Shop App MM ၏ ထုတ်ပြန်ချက်

ဧပြီ-၂၈၊၂၀၂၆။ဇော်ဝင်း/People’s Spring

ကမ္ဘာ​ကျော် Alibaba(အလီဘာဘာ)ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Shop .com.mm(Shop App MM)ဟာမြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။

၂၀၁၂ ခုနှစ်ကစတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ လူသိအများဆုံး အွန်လိုင်းဈေးဝယ် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Shop App MM ကို ဧပြီလ ၂၉ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ် အထိပဲ အော်ဒါတွေလက်ခံပေးတော့မှာလို့ Daraz Myanmar Company Limitedကအသိပေးပါတယ်။

မြန်မာနိုင်ငံအပါအဝင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါနိုင်ငံတွေမှာ အွန်လိုင်းကတစ် ဆင့် ကုန်စည်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းစု Daraz Group ကို တရုတ်နိုင်ငံက Alibaba က ၂၀၁၈ ခုနှစ်ဝယ်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလီဘာဘာ ဟာ တရုတ်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံးနည်းပညာနှင့်အွန်လိုင်းအရောင်းအဝယ်
(E-commerce)လုပ်ငန်းစုကြီးတစ်ခုဖြစ်ပါတယ်။ဒါ​ကြောင့်အာဏာသိမ်းစစ်တပ်လက်​အောက်မှာ တရုတ်အစိုးရပိုင်ကုမ္မဏီ​တွေ ၊တရုတ်ကုမ္ပဏီအချို့ကဝင်​ရောက်လာ​ပေမယ့် အလီဘာလာလက်​အောက်ခံလုပ်ငန်းခွဲက​တော့ထွက်ခွာသွားတာလည်းဖြစ်ပါတယ် ။

“ကာစတန်မာ သန်းပေါင်းများစွာရှိပေမယ့် နိုင်ငံအခြေအနေ၊စျေးကွက်အခြေအနေကြောင့်ဖြစ်နိုင်တယ်။နောက်ပြီးသယ်ယူပို့ဆောင်ရေးစရိတ်၊ကုန်စျေးနှုန်းနဲ့ ငွေကြေးမတည်ငြိမ်မှုတွေကြောင့်လည်း ပါနိုင်တယ်”လို့ ရန်ကုန်အခြေစိုက် စီးပွား
ရေးအကြံပေးတစ်ဦးက ပြောပါတယ်။

လုပ်ငန်းရပ်နားလိုက်ရတဲ့ဆုံးဖြတ်ချက်ကလွယ်လွယ်ကူကူချခဲ့ရတာမဟုတ်ဘူးလို့ Daraz Myanmar Company Limited ကဆိုပါတယ်။

နှစ်ပေါင်းများစွာနေ့စဥ်လူမှုဘဝတွေမှာ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် လက်ခံပေးခဲ့ကြတဲ့အ
တွက် ကျေးဇူးတင်ပြီး ရပ်နားမှုမတိုင်ခင် မှာယူထားတဲ့အော်ဒါတွေ၊ပိို့ဆောင်မှုတွေ၊ပစ္စည်းပြန်လည်ပေးပို့မှုတွေနဲ့ငွေပေးချေမှုတွေအားလုံးကို တာဝန်ယူမှုအပြည့်နဲ့ အာမခံသွားမယ်လို့ အသိပေးပါတယ်။

စစ်တပ်အာဏာသိမ်းချိန်စလို့ ပြည်ပအခြေစိုက်ကုမ္ပဏီကြီယတွေ နဲ့ အထူးသဖြင့် ဒေါ်လာသန်းရာချီရှိတဲ့ အနောက်နိုင်ငံတွေရဲ့လုပ်ငန်းစုတွေက ပြန်
လည်ထွက်ခွာသွားတာ ၊ ရင်းနှီး မြှုပ်နှံမှုရပ်ဆိုင်းတာ နဲ့ ရပ်နားတာတွေ များစွာရှိခဲ့ပါတယ်။

ဆက်သွယ်ရေး ကဏ္ဍ က နော်ဝေအခြေစိုက် Telenor ၊စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ပြင်သစ် က TotalEnergies၊ Chevron အမေရိကန်၊ Woodside Energy သြစတြေးလျ နဲ့ ဂျပန် က ENEOS စတဲ့ကမ္ဘာကျော် ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပါတယ်။

ဒါ့အပြင်အခြေခံအဆောက်အဦး၊ဘဏ်လုပ်ငန်း ၊အထည်ချုပ်လုပ်ငန်းနဲ့ ဆိပ်ကမ်းစီမံကိန်း လုပ်နေတဲ့ ပြည်ပကုမ္ပဏီတွေက လုပ်ငန်းတွေရပ်ဆိုင်းခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းက​နေ ၂၀၂၆ နှစ်ဆန်းပိုင်းအထိမြန်မာနိုင်ငံက ပြည်တွင်း၊ပြည်ပကုမ္ပဏီနှစ်သောင်းခွဲထက်မနည်း မှတ်ပုံတင်ဖျက်သိမ်းခံရတာဒါမှမဟုတ်လုပ်ငန်းရပ်နားခဲ့ရပါတယ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပါအဝင်စစ်တပ် ဝါဒဖြန့်ချိတဲ့ အကောင့် တစ်ရာကျော်ကို ဖေ့စ်ဘွတ်ခ်ရဲ့ ပလက်ဖောင်းကနေကဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) ကအသိပေးထားပါတယ်။

နိုင်ငံတကာ

ကုန်စျေးနှုန်းနဲ့ လူနေစရိတ်တွေ မြင့်တက်လာမှုကို တန်ပြန်တဲ့ အနေနဲ့ ကုန်စည်တွေကို အထူးလျှော့စျေးနဲ့ အပတ်စဉ် ရောင်းချပေးမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မိတ်ဆက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခဲ့တဲ့ လုပ်ရပ်ဟာ စီးပွားရေး အကြမ်းဖက်မှု တစ်ခုလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ယခုကာလသည် နိုင်ငံတနိုင်ငံနှင့် တနိုင်ငံသည် လက်နက်ဖြင့်မတိုက်ဘဲ ငွေကြေး၊ ကုန်သွယ်ရေးနှင့် သယံဇာတများကို လက်နက်သဖွယ်အသုံးချပြီး အင်အားပြိုင်နေကြသည့် ခေတ်သစ်စီးပွားရေးစစ်ပွဲ၏အပြင်းထန်ဆုံးအချိန်တခုဖြစ်နေပါသည်။